North America
တရုတ်-အမေရိကန် လူမှုရေး၊ ပြည်သူအချင်းချင်း ဆွေးနွေးမှုက ခိုင်မာသော ရလဒ်များ ရယူနိုင်ခဲ့

ဝါရှင်တန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် လျူယန်တုံက နှစ်နိုင်ငံ အားထုတ်လုပ်ဆောင်မှုများနှင့်အတူ ပထမဆုံးအကြိမ် လူမှုရေးနှင့် ပြည်သူအချင်းချင်း ဆွေးနွေးမှုဖြင့် ခိုင်မာသော ရလဒ်များ ရယူနိုင်ခဲ့ကြောင်း စက်တင်ဘာလ ၂၈ ရက်က ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် စက်တင်ဘာလ ၂၈ ရက်တွင် ပထမဆုံး လူမှုရေးနှင့် ပြည်သူအချင်းချင်း ဆွေးနွေးမှုကို တရုတ်နှင့် အမေရိကန်တို့က ကျင်းပခဲ့ပြီး လျူနှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တီလာဆန်တို့က ပူးတွဲသဘာပတိအဖြစ် လုပ်ဆောင်ခဲ့သည်။ (Xinhua)