North America
တူရကီ နိုင်ငံ ၏ ဆီးရီးယား နိုင်ငံ အတွင်း စစ်ရေး ဆောင်ရွက်မှုများကို ထိန်းချုပ်သွားရန် အမေရိကန် နိုင်ငံ ပြောကြား
ဝါရှင်တန် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sarah Sanders က ဇန်နဝါရီ ၂၂ ရက်နေ့ ၌ ကျင်းပ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် မီဒီယာ များအား ပြောကြားချက်အရ အမေရိကန် အနေဖြင့် တူရကီ နိုင်ငံ အား ဆီးရီးယား အတွင်း ဆောင်ရွက်နေသည့် စစ်ရေး ဆောင်ရွက်မှုများ နှင့် ပြောဆိုမှု များကို ထိန်းချုပ်သွားရန် ပြောကြား ခဲ့ပြီး စစ်ရေးဆောင်ရွက်မှုများကိုလည်း သတ်မှတ်ထားသည့် ဒေသ နှင့် အချိန်အတွင်း အရပ်သားများ ထိခိုက်မှု မရှိအောင် ဆောင်ရွက်ရမည် ကိုလည်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။
Sarah Sanders က အမေရိကန် အနေဖြင့် ဆီးရီးယား အရေး နှင့် သက်ဆိုင်သည့် နိုင်ငံအသီးသီး နှင့် အဖွဲ့အစည်း တို့ အား IS အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်း အား ချေမှုန်းရေး ကိုသာ အဓိက ဦးစားပေး ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် Sarah Sanders က အမေရိကန် နိုင်ငံ အနေဖြင့် တူရကီ နိုင်ငံ မှ လုံခြုံရေး အတွက် စိုးရိမ်မှု ကို နားလည်ပေးနိုင်ပြီး တူရကီ နိုင်ငံ နှင့် အတူတကွ နေတိုးအဖွဲ့ ၏ မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက် သွားလိုကြောင်း ၊ သို့သော် ဆီးရီးယား နိုင်ငံ Afrin မြို့တွင် တဖြည်းဖြည်း မြင့်တက်လာသည့် တိုက်ပွဲများက ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ကို ထိခိုက်လာပြီး နိုင်ငံတကာ အသိုင်းအဝိုင်း ၏ IS အစွန်းရောက် အဖွဲ့အစည်း အား နှိမ်နင်းရေး စစ်ရေးဆောင်ရွက်မှု ကိုလည်း ထိခိုက်လာစေခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် သံတမန်ရေး နည်းလမ်းဖြင့် ဆီးရီးယား နိုင်ငံ ပြည်တွင်း ဖြစ်ပွား နေသည့် တိုက်ပွဲများကို ဖြေရှင်ရန် နည်းလမ်းရှာသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
တူရကီ နိုင်ငံ စစ်တပ် သည် ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်း အချိန် မှ စတင်၍ ဆီးရီးယား နိုင်ငံ နယ်နိမိတ် အတွင်း ဝင်ရောက်ခဲ့ပြီး ဆီးရီးယား နိုင်ငံ Afrin ဒေသ ရှိ စစ်ရေး ပစ်မှတ် ၁၅၃ ခုအား မြေပြင်စစ်ဆင်ရေးများ ဆောင်ရွက်၍ ဆီးရီးယား နိုင်ငံ အစိုးရ က အကြမ်းဖက် အဖွဲ့အစည်း ဟု သတ်မှတ်ထားသည့် ဆီးရီးယား Kurds လူထု ကာကွယ်ရေး လက်နက်ကိုင် တပ်ဖွဲ့ နှင့် IS အစွန်းရောက် အဖွဲ့ တို့ကို တိုက်ခိုက်မှုများ စတင်ဆောင်ရွက်ခဲ့သည်။(Xinhua)