North America
ထရမ့်ကတိပေးခဲ့သည့်အတိုင်း “ အလုပ်အကိုင်အခွင့်အလမ်းများများ နှင့် ဝင်ငွေကောင်းကောင်း” ရရှိရေး ဆန္ဒပြတောင်းဆို
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ ဒီဇင်ဘာလ ၇ ရက်က ပြည်သူထောင်ပေါင်းများစွာသည် အလုပ်အကိုင်အခွင့်အလမ်းများများ နှင့် ဝင်ငွေ ကောင်းကောင်း ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်းသိရသည်။
အမေရိကန် သမ္မတရွေးကောက်ပွဲ မဲဆွယ်စဉ်က ရီပတ်ပလိစ်ကန် သမ္မတ(လောင်း) ဒေါ်နယ်ထရမ့်သည် ၎င်းသမ္မတဖြစ်လာပါက အမေရိကန်နိုင်ငံသားများ အလုပ်အကိုင်ပိုမိုရရှိလာစေရန် နှင့် လစာဝင်ငွေ ပိုမိုရရှိစေရန် ဆောင်ရွက်ပေးမည်ဟု ကတိစကားဆိုထားသည်။
အမေရိကန်နိုင်ငံ၌ ဒီဇင်ဘာလ ၇ ရက်က အလုပ်အကိုင်ရရှိရေး လူထုဆန္ဒပြပွဲအားတွေ့ရစဉ်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ၌ ဒီဇင်ဘာလ ၇ ရက်က အလုပ်အကိုင်ရရှိရေး လူထုဆန္ဒပြပွဲအားတွေ့ရစဉ်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ၌ ဒီဇင်ဘာလ ၇ ရက်က အလုပ်အကိုင်ရရှိရေး လူထုဆန္ဒပြပွဲအားတွေ့ရစဉ်(ဆင်ဟွာ)
ဒေါ်နယ်ထရမ့်သည် မကြာမီတွင် အမေရိကန်နိုင်ငံသမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်တော့မည်ဖြစ်ရာ ပြည်သူများက ၎င်း၏ ကတိစကားအတိုင်း လုပ်ကိုင်ဆောင်ရွက်ပေးရန် “ အလုပ်အကိုင်များများ နှင့် ဝင်ငွေကောင်းကောင်း” ရရှိရေးအတွက် ဝါရှင်တန်မြို့၌ ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။(Xinhua)