Connect with us

North America

ဒေါ်နယ်ထရမ့်က အမေရိကန်ကာကွယ်ရေးဝန်ကြီးရာထူးအတွက် အငြိမ်းစား ရေတပ်ဗိုလ်ချုပ်ကြီးJames Mattis အား ခန့်အပ်မည်

ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် ကာကွယ်ရေးဝန်ကြီးသစ် James Mattis တို့ နှစ်ဦးအားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ၏ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရာထူးကို အငြိမ်းစား ရေတပ်ဗိုလ်ချုပ်ကြီး ဂျိမ်းစ်မတ်တစ် (James Mattis ) အားခန့်အပ်သွားမည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။

“ ကာကွယ်ရေးဝန်ကြီးရာထူးအတွက် မတ်တစ်( နာမည်ပြောင် ခွေးရူး) ကို ခန့်အပ်သွားမှာပါ။ ဒါပေမယ့် ဒီဇင်ဘာ ၅ ရက်နေ့မတိုင်မီထိ ကြေညာမှာ မဟုတ်သေးလို့ ဒီကိစ္စကို ဘယ်သူ့မှ သွားမပြောပါနဲ့” ဟု Cincinnati မြို့၌ ကျင်းပသော ရွေးကောက်ပွဲအလွန် ကျေးဇူးတင်ရှိခြင်း ခရီးစဉ်အတွင်း ထရမ့်က ပြောဆိုခဲ့ခြင်းဖြစ်သည်။“ Mattis က ဗိုလ်ချုပ်ကြီး ဂျော့ပတ်တွန် (George Patton) နှင့် အရင်းနှီးဆုံးလူလို့ပြောကြတယ် ” ဟု ထရမ့်က ဖြည့်စွက်ပြောကြားခဲ့သည်။အမေရိကန်နိုင်ငံသမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်အနိုင်ရပြီးမကြာမီမှာပင် မတ်တစ်သည် ပင်တဂွန်စစ်ဌာနချုပ်အကြီးအကဲရာထူးအတွက် ထိပ်ဆုံးမှ အမည်စာရင်းထွက်ပေါ်ခဲ့သည်။ ဒေါ်နယ်ထရမ့် နှင့် မတ်တစ်တို့သည် နိုဝင်ဘာလ ၁၉ ရက်က နယူးဂျာစီ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မတ်တစ်၏ ကိုယ်ရေးရာဇဝင်ကို ထရမ့်က သဘောကျခဲ့ကြောင်း မီဒီယာများ သတင်းဖော်ပြခဲ့သည်။

အရှေ့အလယ်ပိုင်း အရေးကိစ္စရပ်များကို ကောင်းမွန်စွာနားလည် သိရှိခြင်း နှင့် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးတွင် ရပ်တည်ချက်ခိုင်မာသူတစ်ဖြစ်ခြင်းတို့သည် မတ်တစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရာထူးကို ရရှိစေရန် ထောက်ခံကူညီပေးရာရောက်ခဲ့သည်။အမေရိကန်နိုင်ငံ ဥပဒေတွင် စစ်တပ်အရာရှိတစ်ဦးအား စစ်တပ်မှ အနားယူပြီး ခုနှစ်နှစ်တာ ကာလအတွင်း ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်ထားပိုင်ခွင့်မရှိကြောင်း တားမြစ်ထားသဖြင့် မတ်တစ်သည် အဆိုပါပြဌာန်းချက်ကို ကျော်လွှားရန် ကွန်ဂရက်ထံမှ အထူးကင်းလွတ်ခွင့်ရမှ တရားဝင်ရာထူးလက်ခံခွင့်ရမည်ဖြစ်သည်။အဆိုပါ ကင်းလွတ်ခွင့်ကို ယခင်က တစ်ကြိမ်သာ ပြုမူဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။အသက် ၆၆ နှစ်အရွယ်ရှိ မတ်တစ်သည် ၁၉၆၉ ခုနှစ်မှစတင်ကာ စစ်မှုထမ်းခဲ့ပြီး ပထမ နှင့် ဒုတိယ ပင်လယ်ကွေ့စစ်ပွဲများ နှင့် အာဖဂန်နစ္စတန်စစ်ပွဲများတွင် ရာထူးအဆင့်ဆင့် တိုးခဲ့ကြောင်း သိရသည်။“ခွေးရူး” နှင့် “ ဘုန်းကြီးစစ်သား” စသည့် အမည်ပြောင်များဖြင့် လူသိများသော မတ်တစ်သည် အမေရိကန် ဗဟိုစစ်ဌာနချုပ် အကြီးအကဲရာထူးမှ ၂ဝ၁၃ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ အမေရိကန်အစိုးရ၏ အရှေ့အလယ်ပိုင်း၌ လုပ်ကိုင်ဆောင်ရွက်နေသည့် မဟာဗျူဟာပိုင်းကို မကြာခဏ ဝေဖန်ထောက်ပြခဲ့သူ တစ်ဦးဖြစ်သည်။ (Xinhua)