North America
ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးအမိန့်ကို ထောက်ခံမှုမပြုသည့် ရှေ့နေချုပ် ရာထူးမှ ဖယ်ရှားခံရ

ဝါရှင်တန်၊ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က နိုင်ငံ၏ ရှေ့နေချုပ် Sally Yates အား ဇန်နဝါရီလ ၃ဝ ရက် ညပိုင်းက ရာထူးတာဝန်မှ ဖယ်ရှားလိုက်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံတစ်ဝန်းဆန္ဒပြမှုများ နှင့် ကမ္ဘာကပါ ဝေဖန်မှုများ ဖြစ်စေခဲ့သော ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး နှင့် ဒုက္ခသည်လက်ခံမှုတားဆီးရေးအမိန့်များ အပေါ် ထောက်ခံကာကွယ်မှုမပြုရန် Sally Yatesက တရားရေးဌာနသို့အမိန့်ထုတ်ခဲ့ပြီး နာရီပိုင်းအတွင်း ယခုကဲ့သို့ ရှေ့နေချုပ် တာဝန်မှ ရပ်စဲခံလိုက်ရခြင်းဖြစ်သည်။ (Xinhua)