North America
မက္ကဆီကို အနောက်ပိုင်းတွင် ယာဉ်တိုက်မှုကြောင်း ဘုရားဖူး ၁၅ဦးထက်မနည်းသေဆုံး

မက္ကဆီကို စီးတီး၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
မက္ကဆီကို အနောက်ပိုင်း ဂျာလစ်ကိုပြည်နယ် တွင် ဘုရားဖူးများလိုက်ပါလာသော ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ အနည်းဆုံး ဘုရားဖူး ၁၅ဦးသေဆုံးပြီး ၃၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက အောက်တိုဘာ ၂ရက် တွင်ပြောကြားခဲ့သည်။
ဂျာလစ်ကိုပြည်နယ် ပြည်သူ့ကာကွယ်ရေးဋ္ဌာန ညွှန်ကြားရေးမှူး Trinidad Lopez က Arandas မြို့ နှင့် Atotonilco မြို့အကြား အမှတ် ၃၀၇ အဝေးပြေးလမ်းမ တစ်လျှောက်ရှိ Atotonilco မြို့တွင် အောက်တိုဘာ ၁ရက် ညပိုင်းက ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။
၎င်းက ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသားများ၊ အမျိုးသမီးများ နှင့် ကလေးငယ်များအပါအဝင် လူ ၁၂ဦးသည် အခင်းဖြစ်ပွားရာ၌ သေဆုံးခဲ့ပြီး အခြားလူ ၃ဦးသည် ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
Lopez က သေဆုံးသူအားလုံးသည် ဘုရားဖူးများဖြစ်ပြီး ဂျာလစ်ကိုပြည်နယ်မြောက်ဘက် San Juan de los Lagos မြို့ရှိ San Juan de los Lagos မယ်တော်အား သွားရောက်ဖူးမြော်ပြီး ပြန်လာကြသူများဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကနဦး သတင်းရရှိချက်များအရ ယင်းဘုရားဖူးယာဉ်အား ပို့ဆောင်ရေးအကြီးစားယာဉ်တစ်စီးကို ဝင်တိုက်မိပြီး တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်း သတင်းများက ဘုရားဖူးအများစုသည် ဘတ်စ်ကားအောက်၌ ပိမိနေပြီး အခြေအနေစိုးရိမ်ရကြောင်း မြို့ငါးမြို့မှ အရေးပေါ်အဖွဲ့များ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာသို့ အလျင်အမြန်ရောက်ရှိလာခဲ့ကြောင်း ဖော်ပြခဲ့သည်။ (Xinhua)