North America
မက္ကဆီကိုတွင် ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၆ဦးသေဆုံး
မက္ကဆီကို စီးတီး၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
မက္ကဆီကို မြောက်ပိုင်း Tamaulipas ပြည်နယ် Reynosa နယ်စပ်မြို့တွင် စက်ရုံတစ်ရုံမှ အလုပ်သမား ပို့ဆောင်ရေး ဘတ်စ်ကားတစ်စီး အောက်တိုဘာ ၁၀ ရက်က တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၆ဦး သေဆုံးခဲ့ပြီး အခြားလူ ၆၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Tamaulipas ပြည်နယ်ပြည်သူ့ကာကွယ်ရေးဗျူရို က ဘတ်စ်ကားသည် Reynosaမြို့ မှ ပြည်တွင်းလေဆိပ်အနီးရှိ Rio Bravoမြို့သို့ မောင်းနှင်နေစဉ် ဒေသစံတော်ချိန် နံနက် ၁း၂၀နာရီတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြည်နယ်တရားရုံးမှ ထုတ်ပြန်သည့် ဓါတ်ပုံများအရ စက်မှုဇုန်အတွင်းရှိ စက်ရုံတစ်ရုံမှ အလုပ်သမားပို့ဆောင်ရေး ဘတ်စ်ကားသည် ပြောင်းပြန်တိမ်းမှောက်နေကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ကြက်ခြေနီအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မက္ကဆီကို ရေတပ် နှင့် နိုင်ငံပိုင် ရေနံကုမ္ပဏီ Pemex တို့ပူးပေါင်း၍ ဘတ်စ်ကားအောက်တွင် ပိတ်မိနေသည့် ခရီးသည်များအား အရေးပေါ်ကယ်ဆယ်ရန် လုပ်ဆောင်ခဲ့ပြီး ၎င်းတို့အား နီးစပ်ရာဆေးရုံ ၂ရုံ သို့ပို့ဆောင်ပေးခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)