Connect with us

North America

ကယ်လီဖိုးနီးယားမြောက်ပိုင်း၌ တောမီးလောင်ကျွမ်းရာ လူ ၁ဝ ဦးသေဆုံး

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၌ တောမီးလောင်ကျွမ်းနေစဉ်(ဆင်ဟွာ)

ဆန်ဖရန်စစ္စကို ၊ အောက်တိုဘာ ၁ဝ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတမ်း ဆန်ဖရန်စစ္စကိုမြို့၏ မြောက်ပိုင်းပင်လယ်ဝ ကို ဖြတ်၍ တောမီးအကြီးအကျယ်လောင်ကျွမ်းနေရာ အောက်တိုဘာလ ၁ဝ ရက်တွင် အနည်းဆုံး လူ ၁ဝ ဦး သေဆုံးပြီး ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

အဆိုပါ မီးသည် ဆန်ဖရန်စစ္စကိုမြို့မြောက်ပိုင်းရှိ ဝိုင်စက်ရုံတစ်ခုမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူနေအိမ် အနည်းဆုံး အလုံးပေါင်း ၁၅ဝဝ နှင့် စီးပွားရေးအဆောက်အအုံပေါင်းများစွာ မီးကူးစက်လောင်ကျွမ်းခံရကြောင်း ၊ ကယ်လီဖိုးနီးယားမြောက်ပိုင်းရှိ ဝိုင်စက်ရုံ ၈ ခုမှာလည်း မီးစွဲလောင်ကျွမ်းသွားကြောင်း ကယ်လီဖိုးနီးယားပြည်နယ် သစ်တော နှင့် မီးသတ်ဌာန အကြီးအကဲက ဆိုသည်။

ထောင်ပေါင်းများစွာသော ဒေသခံများကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးထားကြောင်း ၊ မီးသတ်သမားများက ကြိုးပမ်းမီးငြှိမ်းသတ်နေကြောင်း နှင့် မီးတောက်များသည် တစ်နာရီ ၁၁၄ ကီလိုမီတာ လေတိုက်နှုန်း နှင့်အတူ ကူးစက်လောင်ကျွမ်းနေကြောင်း သိရသည်။

ကယ်လီဖိုးနီးယားပြည်နယ်ရှိ အကြီးဆုံး စပျစ်စိုက်ခင်းတည်ရှိရာ ဆိုနိုးမား(Sonoma) ဝိုင်စက်ရုံများ ပျက်စီးခဲ့ရပြီး လူ ၇ ဦး မီးဘေးကြောင့် သေဆုံးခဲ့ရသည်။

မီးလောင်ခံရသူ နှင့် မီးခိုငွေ့မွှန်သူ ရာပေါင်းများစွာကို Napa ၊ ဆိုနိုးမား နှင့် အခြားမြို့များ ရှိ ဆေးရုံများ သို့ပို့ဆောင်ပေးထားကြောင်း နှင့် မီးလောင်ကျွမ်းခံထားရသော လူနာ ၂ ဦး၏ အခြေအနေမှာ စိုးရိမ်ဖွယ်ရာရှိကြောင်း Santa Rosa Memorial ဆေးရုံတာဝန်ရှိသူများက ဆိုသည်။

မီးကူးစက်လောင်ကျွမ်းမှုကြောင့် စိုက်ပျိုးမြေ ၆၅ဝဝဝ ဧက ( ၂၆၃၁ ဟက်တာ) ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆန်ဖရန်စစ္စကို ကမ်းရိုးတမ်းတစ်လျှောက်တွင် မီးခိုပြာများဖြင့် ဖုံးလွှမ်းလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.