North America
ဝါရှင်တန်တွင် လျှပ်စစ် ဓာတ်အား ရုတ်တရက် ပြတ်တောက်

ဝါရှင်တန် ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
ဝါရှင်တန်တွင် ဧပြီလ (၇) ရက်၌ အကြီးစား လျှပ်စစ် ဓာတ်အား ပေးလိုင်း ရုတ်တရက် ပြတ်တောက် သွားသည့် အတွက် အိမ်ဖြူတော် အပါအဝင် လွှတ်တော် ၊ အစိုးရ အဖွဲ့ရုံးနှင့် အခြားရုံး များတွင်လည်း အခက်အခဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းလျှပ်စစ် ဓာတ်အားလိုင်းသည် တောင်ဘက် Maryland တွင် တည်ရှိသည်။ လျှပ်စစ် ဓာတ်အား ခေတ္တ ပြတ်တောက်မှုကြောင့် လူပေါင်း ၈,၀၀၀ ခန့် အခက်အခဲ တွေ့ခဲ့ကြောင်း ဝါရှင်တန် လုံခြုံရေးနှင့် အရေးပေါ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ Robin Johnson ကပြောကြားသည်။
Smithsonian Institution National Air & Space ပြတိုက်၏ Twitter စာမျက်နှာ ပေါ်တွင် လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ဝါရှင်တန်တွင် ရှိသည့် ပြတိုက်များ အခက်အခဲ တွေ့ခဲ့ပြီး ပြတိုက်သို့ အလည်လာရောက် သူများကို သင့်တော်ရာသို့ ပြောင်းရွှေ့ပေးရကြောင်း ရေးသားထားသည်။
Potomac လျှပ်စစ် ကုမ္ပဏီ က ယခုဖြစ်ပေါ်ခဲ့သည့် မတော်တဆ လျှပ်စစ် ပြတ်တောက်မှုကို စုံစမ်း စစ်ဆေး နေကြောင်း ပြောကြားသည်။ (Xinhua)