Connect with us

North America

အီရန် နှင့် US အဆင့်မြင့် အရာရှိကြီးများ နျူကလီးယားအကြောင်း ဆွေးနွေး ပွဲ ဂျနီဗာတွင် ကျင်းပမည်

အီရန် နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ပုံ (ဆင်ဟွာ)

တီဟီရန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

တီဟီရန် ၏ ရှည်ကြာစွာ အငြင်းပွားနေသည့် နျူကလီးယား အရေးကို ဂျနီဗာတွင် ဖေဖော်ဝါရီ ၂၂ ရက် က အီရန်း နှင့် US အဆင်မြင့်အရာရှိကြီးများ ပါဝင်သည့် ဆွေးနွေးပွဲ တစ်ရပ် ကျင်းပခဲ့သည်။

အီရန် နိုင်ငံခြားရေးဝန်ကြီး Mohamad-Javad Zarif နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ တို့ တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံရေးမူဘောင်ကို လာမည့် မတ်လ နောက်ဆုံးအပတ် မတိုင်မီ နောက်ဆုံး ကြိုးပမ်း ရမည် ဖြစ်သည်။

အီရန်၏ အနုမြူစွမ်းအင် အဖွဲ့အစည်း (AEOI) ခေါင်းဆောင် Ali-Akbar Salehi နှင့် အမေရိကန် စွမ်းအင် ဝန်ကြီး Ernest Moniz တို့ ယခု အစည်းအဝေးကို တက်ရောက်မည်ဖြစ်သည်။

အစည်းဝေး ကျင်းပသည့်နေ့ အစောပိုင်းတွင် Salehi နှင့် Moniz တို့သည် အီရန် နျူကလီးယား နှင့် ပတ်သက်သည့် အရေးကိစ္စများကို နှစ်ဖက် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ၎င်းဆွေးနွေးမှုသည် အီရန် နှင့် P5+1 (UN လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံ + ဂျာမနီ) တို့ အကြား ညှိနှိုင်း ဆွေးနွေးမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၀ ရက် တွင် အမေရိကန် နှင့် အီရန်အရာရှိတို့မှ အီရန်၏ ၁၂ နှစ်ကျော်ကြာ အငြင်းပွားဖွယ် နျူကလီးယား အစီအစဉ် အရေးကို ဂျနီဗာတွင် ဆွေးနွေးခဲ့ကြသည်။

စေ့စပ်ညှိုနှိုင်းသူများသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ကနေ အပြီးသတ်ဆွေးနွေး အဖြေရှာမည့် ကာလကို (၇ )လ တိုးမြှင့်ကာ နိုင်ငံရေး မူဘောင်ကို မတ်လ နောက်ဆုံးအပတ်တွင် ပြီးမြောက်ရန် သဘောတူညီ ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.