Connect with us

North America

အမေရိကန် သမ္မတ ဟောင်း George W.Bush ၏ ညီဖြစ်သူ မှ အမေရိကန် သမ္မတ ရွေးကောက်ပွဲ အား ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ကြေညာ

ဖလော်ရီဒါ ပြည်နယ် မိုင်ယာမီ မြို့ တွင် ပြုလုပ်သော ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးတွင် Jeb Bush အား ဇွန်လ ၁၅ ရက်နေ့က မြင်တွေ့ရစဉ် (ဆင်ဟွာ)

မိုင်ယာမီ ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ် အုပ်ချုပ်ရေးမှူး ဟောင်း Jeb Bush သည် ဇွန်လ ၁၅ ရက်နေ့က ၂၀၁၆ ခုနှစ်တွင် ကျင်းပမည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ အား ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ရွေးကောက်ပွဲ အောင်မြင်ခဲ့ပါက ဝါရှင်တန် တွင် ကျယ်ပြန့်စွာ လုပ်ကိုင်နေသော ကိုယ်ပိုင်အကျိုး ဆောင်ရွက်သည့် နိုင်ငံရေး ယဉ်ကျေးမှု အား ပြုပြင် ပြောင်းလဲ ရေး လုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Jeb Bush မှ ဖလော်ရီဒါ ပြည်နယ် မိုင်ယာမီ မြို့ တွင် ပြုလုပ်သော ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးတွင် အခွင့်ထူးခံ အရာရှိကြီးများဖြင့် ပြည့်နှက်နေသော ဝါရှင်တန် အစိုးရ အဖွဲ့၏ ရှေ့ဆက် ဆောင်ရွက်မှုများ ရပ်တန့် နေသောကြောင့် လက်ရှိ အမေရိကန် ရင်ဆိုင်နေရသော ကိစ္စရပ်များကို တာဝန်ယူရ မည်ဟု ပြစ်တင် ပြောကြား ခဲ့သည်။ ထ့ိုပြင် မိမိ အနေဖြင့် ကိုယ်ပိုင်အကျိုး အဖွဲ့အစည်းများ ကြီးစိုးနေသော နိုင်ငံရေး ယဉ်ကျေးမှုကို ပြုပြင် ပြောင်းလဲရေး လုပ်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Republican ပါတီ ရွေးကောက်ပွဲ ကိုယ်စားလှယ် Jeb Bush မှ မိန့်ခွန်းပြောကြား ရာတွင် Democratic ပါတီ ရွေးကောက်ပွဲ ကိုယ်စားလှယ် Hillary Clinton အနေဖြင့် လက်ရှိချမှတ်ထားသော အမေရိကန် နိုင်ငံ ခြားရေး မူဝါဒ လမ်းစဉ် တွင် ပါဝင်ဆောင်ရွက် ခဲ့သောကြောင့် အမေရိကန် အနေဖြင့် အန္တရာယ် အမြောက်အများ ဖြစ်ပွားခဲ့ရကြောင်း ပြစ်တင်ပြောကြားခဲ့ပြီး မိမိ အနေဖြင့် ရွေးကောက်ပွဲ အောင်မြင်ခဲ့ပါက စစ်ရေးအင်အား တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် ၆၂ နှစ် ရှိပြီး ဖြစ်သော Jeb Bush သည် နိုင်ငံရေး မိသားစု မှ ဆင်းသက် လာသူ တစ်ဦးဖြစ်သည်။ ၄၁ ကြိမ် မြောက် အမေရိကန် သမ္မတ George H.W.Bush ၏ သားဖြစ်ပြီး ၄၃ ကြိမ်မြောက် အမေရိကန် သမ္မတ George W.Bush ၏ ညီ ဖြစ်သည်။ Bush မိသားစု ၏ နိုင်ငံရေး အမွေဆက် သက်ရောက်မှုကြောင့် နှင့် အထူး သဖြင့် George W.Bush သမ္မတ သက်တမ်း အတွင်း အီရတ် စစ်ပွဲ ဖြစ်ပွားခဲ့သောကြောင့် Jeb Bush မှ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ရန် မကြေညာ ခင်ကပင် အမေရိကန် နိုင်ငံ ၏ နိုင်ငံခြားရေး မူဝါဒ သည် Bush မိသားစု ၏ နိုင်ငံရေး လွမ်းမိုးမှု ရှိကြောင်း သံသယ များစွာ ဖြစ်ပွားခဲ့သည်။

Jeb Bush မှ ယခင်နှစ် နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ရန် စဉ်စားနေကြောင်း ပြောကြားပြီးနောက် ပါတီ အတွင်း ထောက်ခံမှု အမြင့်ဆုံးရောက်ရှိလာခဲ့သည်။ ထ့ိုနောက် Republican ပါတီ မှ ရွေးကောက်ပွဲ ကိုယ်စားလှယ် အား ဆယ်ဂဏန်း အထိ တိုးမြှင့် လိုက်ပြီးနောက် Jeb Bush ၏ ပြည်သူ ထောက်ခံမှု ကို ဖလော်ရီဒါ မှ Marco Rubio က ကျော်တက် သွားခဲ့ပြီး အခြား ကိုယ်စားလှယ် များနှင့် ထောက်ခံအားပေးမှု တူညီသွားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117