Connect with us

North America

အမေရိကန် ကျေးလက်အဆိုတော် ဂလန်းကမ့်ဘဲလ် အသက် ၈၁ နှစ်အရွယ်တွင် ကွယ်လွန်

အမေရိကန် နာမည်ကျော် ကျေးလက် အဆိုတော် ဂလန်းကမ့်ဘဲလ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လော့စ်အိနမ်ဂျလိစ်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

အမေရိကန် နာမည်ကျော် ကျေးလက် (Country) အဆိုတော် အသက် ၈၁ နှစ်အရွယ် ဂလန်းကမ့်ဘဲလ် (Glen Campbell) သည် နှစ်ပေါင်းများစွာ အယ်လ်ဇိုင်းမား ရောဂါ ခံစားခဲ့ရပြီးနောက် သြဂုတ်လ ၈ ရက်က ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

“အယ်လ်ဇိုင်းမားရောဂါကို နှစ်ရှည်လများ ရဲရဲရင့်ရင့်နဲ့ တိုက်ပွဲဝင်ပြီး နောက်ဆုံးမှာ ချစ်လှစွာသော ခင်ပွန်း၊ ဖခင်၊ အဘိုး၊ နာမည်ကျော် တေးသံရှင်နှင့် ဂီတသမား ဂလန်း ထရာဗစ္စ ကမ့်ဘဲ ကွယ်လွန်သွားပြီဖြစ်ကြောင်း လေးလံတဲ့ နှလုံးသားနဲပ ကြေညာလိုက်ပါတယ်” ဟု ၎င်း၏ ဝက်ဘ်ဆိုက်တွင် မိသားစုဝင်များက ရေးသားခဲ့သည်။

ကမ့်ဘဲသည် သြဂုတ်လ ၈ ရက် ဒေသစံတော်ချိန် နံနက် ၁၀း၀၀ နာရီအချိန်တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ် ဇွန်လတွင် ကမ့်ဘဲလ်က အယ်လ်ဇိုင်းမားရောဂါ ခံစားနေရကြောင်း သိရှိခဲ့ရသည်။ ၎င်းသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်က ကျင်းပခဲ့သည့် ဂရမ်မီဆုပေးပွဲ၌ Rhinestone Cowboy သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။

ကမ့်ဘဲလ်အား ၁၉၃၆ ခုနှစ် ဧပြီလ ၂၂ ရက်က အမေရိကန်နိုင်ငံ အက်ကန်ဆက်ပြည်နယ် ဘီလ်စ်တောင်းမြို့၌ မွေးဖွားခဲ့သည်။ အမေရိကန်နိုင်ငံအတွင်း ၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ရော့ခ်နှင့် ကျေးလက် တေးဂီတ အဆိုတော်အဖြစ် ကျော်ကြားခဲ့ပြီး Rhinestone Cowboy, Gentle on My Mind, Wichita Lineman နှင့် Country Boy စသည့် သီချင်းများဖြင့် နာမည်ကျော်ခဲ့သလို CBS တီဗီ အစီအစဉ်တွင် ပြသသည့် Glen Campbell Goodtime Hour အစီအစဉ်တွင် ၁၉၆၉ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း ၎င်း၏ စီးပွားရေးအနေဖြင့် ၄၅ သန်းကျော် စံချိန်တင် ဝင်ငွေ ရရှိခဲ့ကြောင်း၊ ရွှေအယ်လ်ဘမ် ပေါင်း ၁၂ ခုရှိခဲ့ပြီး လူကြိုက်အများဆုံး သီချင်းအပတ်စဉ်အဖြစ် ၇၅ ကြိမ် ဖော်ပြခြင်းခံခဲ့ရသည်။ ဂရမ်မီဆုပေါင်း ၆ ခုနှင့် ကျေးလက် တေးဂီတဆုပေါင်း ၁၀ ခု ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.