Connect with us

North America

ချီကာဂို တွင် ပစ်ခတ်မှုဖြစ်ပွားရာ လူတစ်ဦးသေ၊ ၆ဦးဒဏ်ရာရရှိ

ချီကာဂိုမြို့ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ချီကာဂို၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြောက်ပိုင်း ချီကာဂိုမြို့ရှိ အိမ်ယာတစ်ခုအပြင်ဘက်တွင် ရပ်နေသော လူများအား သေနတ်သမားများက ပစ်ခတ်ခဲ့ရာ လူ တစ်ဦးသေဆုံးပြီး အခြားလူ ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းရဲတပ်ဖွဲ့က သြဂုတ် ၉ ရက်တွင်ပြောကြားခဲ့သည်။

စီးတီးစင်တာ တောင်ဘက် ၉ကီလိုမီတာ အကွာခန့်ရှိ Bronzeville အနီးဝန်းကျင် တွင် သြဂုတ် ၈ ရက် နှောင်းပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၂၈နှစ်အရွယ် အယ်လ်ဖရက် မစ်ချယ် ၏ ကျောဘက်တွင် ကျည်ဆန်ထိမှန်ခဲ့ပြီး ဆေးရုံ၌ သေဆုံးခဲ့ကြောင်း သိရသည်။ အခြားဒဏ်ရာရရှိခဲ့သူ ၆ဦးကို ဆေးရုံများ၌ ဆေးကုသမှုပေးထားပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း နှင့် ၎င်းတို့အနက် ၅ဦးမှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။

ဒေသခံရဲတပ်ဖွဲ့က ပစ်ခတ်မှုကို စုံစမ်းစစ်ဆေးနေပြီး ဖမ်းဆီးမှုများ ပြုလုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သော ချီကာဂိုမြို့သည် ရာဇဝတ်မှုများဖြင့် နာမည်ကျော်ကြားပြီး ၂၀၁၆ခုနှစ် တွင် လူသတ်မှု ၇၆၂မှု၊ ပစ်ခတ်မှု ၃,၅၅၀မှု နှင့် ပစ်ခတ်ခံရသူ ၄,၃၃၁ဦးရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.