Connect with us

North America

အမေရိကန်-တရုတ် ဆက်ဆံရေးက အရေးကြီးသလို ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် ဆန္ဒရှိကြောင်း အမေရိကန်နိုင်ငံ သမ္မတ ထရမ့် ပြောကြား

တရုတ်နိုင်ငံတော် အလံနှင့် အမေရိကန်နိုင်ငံ အလံအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်-တရုတ် ဆက်ဆံရေးက အရေးကြီးကြောင်းနှင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီနှင့် အိမ်ဖြူတော်ရှိ သမ္မတရုံးခန်း၌ ဖေဖော်ဝါရီလ ၉ ရက်က တွေ့ဆုံစဉ် ထရမ့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထရမ့်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့စဉ်က အောင်မြင်မှုများ ရရှိခဲ့ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပေကျင်း၌ တွေ့ဆုံစဉ် ရရှိခဲ့သည့် သဘောတူညီချက်အား အပြည့်အဝ အကောင်အထည်ဖော်ရန် နှစ်နိုင်ငံလုံးက သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။

ယန်သည် အမေရိကန်နိုင်ငံသို့ နှစ်ရက်ကြာ လာရောက်လည်ပတ်ခြင်းဖြစ်ကာ ဖေဖော်ဝါရီ်လ ၈ ရက်က အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်နှင့် တွေ့ဆုံခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီနှင့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့အကြား မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုများနှင့် တယ်လီဖုန်းမှတစ်ဆင့် မကြာခဏဆက်သွယ်မှုများဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုရှိပြီး တစ်နှစ်အကြာ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်း၌ အမေရိကန်နိုင်ငံဘက်မှ စိတ်ပူစရာ အပြောင်းအလဲတချို့ ရှိခဲ့ကာ နှစ်နိုင်ငံ ဆက်ဆံရေးအကြား စိန်ခေါ်မှုများစွာ ရင်ဆိုင်ကြုံတွေ့လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.