North America
အမေရိကန် ဒီမိုကရက်တစ်ပါတီက သမ္မတလောင်းအဖြစ် ဂျိုးဘိုင်ဒန်အား တရားဝင် တင်သွင်း

ဝါရှင်တန် ၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ၌ လက်ရှိကျင်းပပြုလုပ်နေဆဲဖြစ်သော ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပါတီ၏ သမ္မတလောင်းအဖြစ် ဂျိုးဘိုင်ဒန်အား တရားဝင်တင်သွင်းရန် ဩဂုတ် ၁၈ ရက်က မဲပေး၍ တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အသက် ၇၇ ခုနှစ်အရွယ်ရှိ ဘိုင်ဒန်သည် အမေရိကန်သမ္မတ အိုးဘားမား လက်ထက်တွင် ဒုတိယသမ္မတ အဖြစ် ၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။(Xinhua)