North America
အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် ၏ အမိမြေ လုံခြုံရေး နှင့် တန်ပြန် အကြမ်းဖက် နှိမ်နင်းရေး အကြံပေး ရာထူး မှ နုတ်ထွက်
ဝါရှင်တန် ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် ၏ အမိမြေ လုံခြုံရေး နှင့် တန်ပြန် အကြမ်းဖက် နှိမ်နင်းရေး အကြံပေး ပုဂ္ဂိုလ် Tom Bossert သည် ရာထူး မှ နုတ်ထွက် လိုက်ပြီး ဖြစ်ကြောင်း ဧပြီလ ၁၀ ရက်နေ့တွင် အိမ်ဖြူတော် က အတည်ပြု ထုတ်ပြန်ပေးခဲ့သည်။
အိမ်ဖြူတော် က ထုတ်ပြန် ခဲ့သည့် ကြေညာချက်တွင် Tom Bossert အနေဖြင့် အိမ်ဖြူတော် ကို ဦးဆောင်ပြီး အမိမြေ ၏ အကြမ်းဖက် နှိမ်နင်းရေး ၊ ဆိုက်ဘာလုံခြုံမှု တိုးမြှင့်ရေး နှင့် သဘာဝဘေး ရင်ဆိုင်ဖြေရှင်းရေး တို့တွင် လုပ်ငန်းဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ပြီး အမေရိကန် နိုင်ငံ သမ္မတ အနေဖြင့် ၎င်း၏ နိုင်ငံချစ်စိတ်ဖြင့် ဝန်ဆောင်မှု ပေးခဲ့ခြင်းအား ကျေးဇူးတင်ကြောင်း ဖေါ်ပြထားသည်။
Tom Bossert အနေဖြင့် ဂျော့ချ်ဒဗလျူဘုရှ် အစိုးရ လက်ထက်တွင် အိမ်ဖြူတော် ၏ လက်ထောက် အကြံပေး ပုဂ္ဂိုလ် အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး အမေရိကန် နိုင်ငံ အစိုးရ ၏ ပထမ ဦးဆုံးသော ဆိုက်ဘာလုံခြုံရေး မဟာဗျူဟာ ကို ပါဝင် ရေးဆွဲ ခဲ့ဖူးကြောင်း သိရှိရသည်။
လတ်တလော ကာလပိုင်း တွင် အမေရိကန် နိုင်ငံ အိမ်ဖြူတော် တွင် လူပုဂ္ဂိုလ် အပြောင်းအလဲ များစွာ ဖြစ်ခဲ့ပြီး ဧပြီလ ၈ ရက် ကလည်း အမေရိကန် နိုင်ငံ အမျိုးသား လုံခြုံရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ သည် ရာထူး မှ နုတ်ထွက်သွားကြောင်း သိရှိရသည်။(Xinhua)