North America
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တီလ်လာဆန် ကို ခန့်အပ်ကြောင်း အမေရိကန် လွှတ်တော် အတည်ပြု

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ExxonMobil ၏ အမှုဆောင် အရာရှိချုပ် ရက်စ် တီလ်လာဆန် (Rex Tillerson) အား အတည်ပြု ခန့်အပ်ကြောင်း အမေရိကန် လွှတ်တော်က ဖေဖော်ဝါရီလ ၁ ရက်တွင် မဲခွဲ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ မဲခွဲ ဆုံးဖြတ်ရာ၌ မဲ အရေအတွက် ၅၆-၄၃ ဖြင့် အမေရိကန် သံတမန် အမြင့်ဆုံး ရထူးအား ခန့်အပ်ခြင်း ခံခဲ့ရပြီး ယင်း ထောက်ခံမဲများအနက် ဒီမိုကရက်တစ် အမတ် သုံးဦးနှင့် သီးခြားလွတ်လပ်သော ဥပဒေပြုအမတ် တစ်ဦးတို့လည်း ပါဝင်ကြောင်း သိရသည်။
တီလ်လာဆန်သည် စီးပွားရေးအရ ရုရှားနှင့် ဆက်ဆံမှု ရှိခဲ့သည့်အပေါ် ဥပဒေပြုအမတ်များက ဝေဖန် ကန့်ကွက်မှုများ လုပ်ဆောင်နေသည့်ကြားမှ ယခုကဲ့သို့ အတည်ပြု ခန့်အပ်ခြင်း ခံခဲ့ရသည်။
၎င်းသည် စီးပွားရေး လုပ်ငန်းရှင်အဖြစ် ExxonMobil အား ဦးဆောင်ခဲ့စဉ်က ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့မှု အကြောင်းအား ကျယ်ကျယ်ပြန့်ပြန့် သိရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၃ ခုနှစ်က ရုရှား သမ္မတ ဗလာဒီမာ ပူတင် က ပေးအပ်သော Order of Friendship ဆုတံဆိပ် ချီးမြှင့်ခြင်း ခံထားရသူ ဖြစ်ကြောင်း သိရသည်။ (Xinhua)