Connect with us

North America

အမေရိကန်အကျဉ်းထောင်တစ်ခု၌ ထောင်လုံခြုံရေးဝန်ထမ်းများကို ထောင်သားများက ဓားစာခံအဖြစ် ဖမ်းဆီးထား

အမေရိကန်နိုင်ငံ Delaware ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခု၌ ထောင်သားများက ထောင်လုံခြုံရေးများအား ထိန်းချုပ်ထားသည်ကို ဝေဟင်မှ မြင်တွေ့ ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့ပိုင်းပြည်နယ်တစ်ခု၌ ဖေဖော်ဝါရီ ၁ ရက်က အကျဉ်းသား ၂၅ဝဝ ကျော်ရှိ အကျဉ်းထောင်တစ်ခုတွင် ထောင်လုံခြုံရေးဝန်ထမ်းများအား အကျဉ်းသားများက ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် ၎င်းအကျဉ်းထောင်အား ပိတ်ဆို့ဝန်းရံထားကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ Delaware ပြည်နယ် Smyrna မြို့ရှိ James T.Vaughn ( JVTCC) အကျဉ်းထောင်သို့နီးစပ်ရာ ပင်ဆူဗေးနီးယားပြည်နယ်မှ အရေးပေါ်အခြေအနေတုံ့ပြန်ရေးအဖွဲ့ဝင် ပေါင်း မြောက်များစွာ အလျင်အမြန်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

Delaware ပြည်နယ် အကျဉ်းထောင်အရာရှိများအသင်းဥက္ကဋ္ဌ Geoffrey Klopp က အကျဉ်းထောင်လုံခြုံရေးဝန်ထမ်းများသည် ဓားစားခံများအဖြစ် ဖမ်းဆီးခံထားရကြောင်း ပြောကြားခဲ့သည်။

အကျဉ်းထောင်များစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် William Carson ကလည်း အခင်းဖြစ်ပွားရာ အကျဉ်းထောင်အခြေအနေနှင့်ပတ်သက်၍ “ ဓားစားခံအဖြစ် ဖမ်းဆီးခံထားရတဲ့ မြင်ကွင်းပါပဲ” ဟု ပြောကြားခဲ့သည်။

“ ထောင်လုံခြုံရေးဝန်ထမ်းတွေကို အဆောက်အအုံပြင်ပမှာ ဖမ်းထားတယ်” ဟု ၎င်းကဆိုသည်။

အကျဉ်းထောင်ဌာနပြောခွင့်ရ အမျိုးသမီးက ယင်းမှာ မတော်တဆဖြစ်စဉ်တစ်ခုဖြစ်ပြီး ပြည်သူတို့၏ လုံခြုံရေးကို ခြိမ်းခြောက်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များက အကျဉ်းထောင် ပတ်ပတ်လည်ကို ပိတ်ဆို့ဝန်းရံထားသည်။

၎င်းအကျဉ်းထောင်ကို ၁၉၇၁ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဓားစားခံများ လွတ်မြောက်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိနေသော်လည်း အသေးစိတ် အခြေအနေကိုမူ မသိရှိရသေးပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.