North America
အမေရိကန် ပထမ မူဝါဒ ကို ဦးစားပေးပြီး နိုင်ငံတကာ အဖွဲ့အစည်းများအား ကျောခိုင်းခြင်း သည် ကမ္ဘာ့အင်အားကြီး နိုင်ငံ အဖြစ်ရပ်တည်ရန် ခက်ခဲလာစေမည်
ဝါရှင်တန် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် သည် လာမည့် ဇန်နဝါရီ ၂၀ ရက်နေ့ တွင် သမ္မတ ရာထူး သက်တမ်း ၁ နှစ် ပြည့်တော့မည် ဖြစ်သည်။ ၁ နှစ် တာ ကာလ အတွင်း အမေရိကန် နိုင်ငံ ၏ နိုင်ငံခြားရေး ကဏ္ဍ တွင် ဆောင်ရွက်ခဲ့သော မူဝါဒ များက နိုင်ငံတကာ အသိုင်းအဝိုင်း အား လွန်စွာ အံအားသင့်စေခဲ့ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များကို အဆက်မပြတ် ထိခိုက်လာစေခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေး အတွက် စိန်ခေါ်မှုများစွာ ဖြစ်ပွားစေခဲ့သည်။
လက်ရှိချိန်တွင် ဒေါ်နယ်ထရမ့် အစိုးရ ၏ “အမေရိကန် ပထမ” မူဝါဒ ဖြင့် တည်ဆောက်ထားသည့် နိုင်ငံခြားရေး မူဘောင် သည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာ ခဲ့ပြီး ယင်းမူဝါဒ ၏ ဆိုးကျိုး များမှာလည်း တဖြည်းဖြည်း အရှိန်မြင့်တက်လာကာ အနာဂတ် ကမ္ဘာ့ နိုင်ငံရေး ကဏ္ဍ တွင်လည်း အမေရိကန် နိုင်ငံ အစိုးရ သစ် ၏ ဆောင်ရွက်မှုများကြောင့် မတည်ငြိမ်မှု နှင့် မသေချာမှု များကို ခံစား ရတော့မည် ဖြစ်သည်။
အမေရိကန် နိုင်ငံ ၏ လူဝင်မှု ကန့်သတ်ခြင်း ၊ နှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် များ ကို ပြန်လည် စီစစ်ခြင်း ၊ ပြန်လည်ကောင်းမွန်လာသည့် အမေရိကန်-ကျူးဘား ဆက်ဆံရေး ကို ပြောင်းလဲခြင်း ၊ မြောက်ကိုရီးယား စသော နိုင်ငံ များနှင့် ထိပ်တိုက် အတိုက်အခံများ ဆောင်ရွက်ခြင်း ၊ အီရန် နိုင်ငံ က နျူကလီးယား သဘောတူညီချက် လိုက်နာသည် ကို ငြင်းဆန်ခြင်း ၊ ဂျေရုစလင် အား အစ္စရေး နိုင်ငံ မြို့တော် အဖြစ် လက်ခံကြောင်း ကြေညာခြင်း ၊ အစိုးရ သစ် မှ ပထမ ဦးဆုံး ထုတ်ပြန် ခဲ့သည့် အမျိုးသား လုံခြုံရေး မဟာဗျူဟာ တွင် နိုင်ငံအများအပြား အား မဟာဗျူဟာ ပြိုင်ဘက် နှင့် ရန်သူ အဖြစ် သတ်မှတ်ခြင်း …….. စသော ပြီးခဲ့သည့် တစ်နှစ်တာ ကာလ အတွင်း ဆောင်ရွက် ခဲ့သည့် ဆောင်ရွက်မှုများစွာ သည် အမေရိကန် နိုင်ငံ ၏ နိုင်ငံခြားရေး မူဝါဒ ပေါက်ကွဲမှု ကို ကမ္ဘာ့ နိုင်ငံ အသီးသီး က နက်ရှိုင်းစွာ မှတ်သားသိရှိစေခဲ့သည်။
လက်ရှိချိန်တွင် နှစ်သစ် စတင်ချိန်၌လည်း အမေရိကန် နိုင်ငံ ၏ ပါကစ္စတန် နိုင်ငံ ၏ အကြမ်းဖက် နှိမ်နင်းရေး အပေါ် စကားလုံးများဖြင့် တိုက်ခိုက်မှု နှင့် အီရန် နိုင်ငံရေး အသိုင်းအဝိုင်းအား ဝင်ရောက်စွက်ဖက် သည့် တင်းမာ သည့် အပြောအဆို မှ တစ်ဆင့် ပါကစ္စတန် နိုင်ငံ အပေါ် ငွေကြေး ထောက်ပံ့မှုများအား ရပ်ဆိုင်းသည့် အဆင့်ထိ ဆောင်ရွက်မှုများသည် ဒေါ်နယ်ထရမ့် အစိုးရ ၏ နိုင်ငံခြားရေး မူဝါဒ ပေါက်ကွဲမှု ပြင်းအား လျှော့ကျလာခြင်း မရှိကြောင်း ကို သိရှိခဲ့ရသည်။
ဒေါ်နယ်ထရမ့် အစိုးရ ၏ တစ်နှစ်တာ ကာလအတွင်း နိုင်ငံခြားရေး ဆောင်ရွက်မှု များအား ပေါက်ကွဲမှု ဆိုသည့် အသုံးအနှုန်း ထက် ကျောခိုင်းမှု ဟူသည့် အသုံးအနှုန်း က အမေရိကန် နိုင်ငံ ၏ တစ်နှစ်သာ ကာလ အတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံခြားရေး မူဝါဒ များနှင့် ပိုမို သင့်သော်မည် ဟု ဆိုရမည် ဖြစ်သည်။ ပစိဖိတ် သမုဒ္ဒရာ ဖြတ်ကျော် မိတ်ဖက် ဆက်ဆံရေး သဘောတူညီချက် (TPP) မှ နုတ်ထွက်ခြင်း ၊ ရာသီဥတုပြောင်းလဲခြင်း “ပဲရစ် သဘောတူညီချက်” မှ နုတ်ထွက်ခြင်း ၊ ကုလသမဂ္ဂ ယူနက်စကို အဖွဲ့အစည်း မှ နုတ်ထွက်ခြင်း ၊ “ကမ္ဘာလုံးဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေး သဘောတူညီချက်” မှ နုတ်ထွက်ခြင်း ……. စသည့် နိုင်ငံတကာ အဖွဲ့အစည်း အသီးသီး မှ နုတ်ထွက်ခြင်း သည် အမေရိကန် နိုင်ငံ ၏ ကိုယ်ကျိုးစီးပွား ကာကွယ်သော ၊ သီးခြားနေထိုင်လို၍ ကျောခိုင်းသော နိုင်ငံခြားရေး မူဝါဒ များကို အပြည့်အဝ ပေါ်လွင်လာစေခဲ့ကာ အမေရိကန် နိုင်ငံ ၏ ကာလရှည်ကြာစွာ ပေါင်းဖက် လာသည့် မဟာမိတ်များကို ဆောက်တည်ရာမဲ့ ဖြစ်စေခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း ကလည်း အမေရိကန် နိုင်ငံ ၏ ဦးဆောင်နိုင်မှုစွမ်းရည် နှင့် အများပြည်သူ လက်ခံယုံကြည်နိုင်မှု အရည်အချင်း အပေါ် ပြန်လည် သုံးသပ်လာစေ ခဲ့သည်။
အမေရိကန် နိုင်ငံ ၏ တစ်နှစ်သာ ကာလ အတွင်း နိုင်ငံခြားရေး ဆောင်ရွက်ချက် များကို ပြန်လည် သုံးသပ် ပါက ဒေါ်နယ်ထရမ့် ၏ ရွေးကောက်ပွဲ ကာလ အတွင်း ကြွေးကြော်ခဲ့သော အမေရိကန် နိုင်ငံ ၏ ရိုးရာဆောင်ရွက်မှု ပုံစံများအား ဆန့်ကျင်ဆောင်ရွက်မည် ဟူသော ပြောကြားချက်ကို ဆောင်ရွက်နေကြောင်း သိသာစွာ တွေ့ရှိ နိုင်သည်။ ခေတ်အဆက်ဆက် အမေရိကန် အစိုးရ များ နှင့် ဒေါ်နယ်ထရမ့် အစိုးရ ၏ ခြားနားချက်မှာ ဒေါ်နယ်ထရမ့် အနေဖြင့် နိုင်ငံတကာ စည်းကမ်းများ သတ်မှတ်ခြင်း ၊ နိုင်ငံတကာ စည်းစနစ်များအား ထိန်းသိမ်းခြင်း ၊ အများအကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ် များအား မျှဝေခြင်း နှင့် ဒေသတွင်း ပလက်ဖောင်းများကို ချိန်ညှိခြင်း စသည့် နိုင်ငံခြားရေး ဆောင်ရွက်ချက်များကို စွန့်လွတ် လိုက်ခြင်းသာ ဖြစ်သည်။ လက်ရှိ အမေရိကန် အစိုးရ ၏ နိုင်ငံခြားရေး မူဝါဒ ကို ကြည့်ခြင်း အားဖြင့် အမေရိကန် အစိုးရ က အမေရိကန် ပထမ မူဝါဒ ကို နိုင်ငံတကာ စည်းစနစ်များထက် ပိုမိုအလေးထားကြောင်း ၊ ရုပ်ဝတ္ထုအင်အား ကို ဒြပ်မဲ့အင်အား ထက် ပိုမို အလေးထားကြောင်း ၊ ပြည်တွင်း ရွေးကောက်ပွဲ မဲရရှိမှု ကို နိုင်ငံတကာ မှ လက်ခုပ်သံများ ထက် ပိုမို အလေးထားကြောင်း သုံးသပ်ရမည် ဖြစ်သည်။
ယင်းကဲ့သို့ခေါင်းစဉ် တစ်ခု ကို ဦးတည်၍ ဆောင်ရွက်သော ၊ ပြည်တွင်း၌ ရရှိမည့် အကျိုးကျေးဇူးကို သာ ဦးတည်ဆောင်ရွက်သည့် နိုင်ငံခြားရေး မူဝါဒ သည် စည်းစနစ်ကျနသည့် နိုင်ငံခြားရေး မဟာဗျူဟာ ဖြစ်တည်လာရန် မှာ လွန်စွာ ခက်ခဲသည့် ကိစ္စရပ် တစ်ခု ဖြစ်သည်။ ယင်းကဲ့သို့သော မူဝါဒ မျိုးသည် ပထဝီ နိုင်ငံရေး နယ်ပယ် နှင့် အမျိုးသားရေးဝါဒ အကြား မကြာခဏ ရွေးချယ်ရ ခက်ခဲစေမည် ဖြစ်သည်။ ပိုမို ကျယ်ပြန့်သည့် သက်ရောက်မှု ကို ဆိုရမည် ဆိုလျင် ဒေါ်နယ်ထရမ့် အစိုးရ ၏ အချို့သော ဆောင်ရွက်ချက်များ က အမေရိကန် နိုင်ငံ ၏ ဦးဆောင်မှု စွမ်းရည် ကို နိုင်ငံတကာ အသိုင်းအဝိုင်း က သံသယ ဖြစ်လာစေခဲ့ပြီး ဖြစ်သည်။
အမေရိကန် နိုင်ငံ က ကိုယ်ကျိုးစီးပွား မူဝါဒ လမ်းကြောင်းတွင် လျှောက်လှမ်းသောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် တစ်ဖြည်းဖြည်း ဝေးကွာ လာချိန်တွင် ကန့်ကွက်မှုများမှာလည်း အဆက်မပြတ် ထွက်ပေါ် လာခဲ့သည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ လ တွင် ကုလသမဂ္ဂ ညီလာခံ က ဂျေရုစလင် ၏ တည်နေရာ အနေအထား ကို ပြောင်းလဲသည့် မည်သည့် ဆုံးဖြတ်ချက် မဆို အကျိုးသက်ရောက်မှု မရှိကြောင်း သဘောတူညီခဲ့ကြသည်။ ယင်းဆုံးဖြတ်ချက် မထွက်ပေါ်မီ အမေရိကန် နိုင်ငံ က သဘောတူညီ မဲ ထည့်ဝင်သည့် နိုင်ငံ များအား အနာဂတ်တွင် စာရင်းရှင်းတမ်း ပြုလုပ်မည် ဟု ခြိမ်းခြောက်ခဲ့သော်လည်း ထောက်ခံမဲ ၁၂၈ မဲ ၊ ဆန့်ကျင်မဲ ၉ မဲ ဖြင့် အပြတ်အသတ် ရှုံးနိမ့် ခဲ့သောကြောင့် အမေရိကန် နိုင်ငံ က နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် ဆန့်ကျင်ဘက် တွင် တည်ရှိနေကြောင်း ထင်ရှားစေခဲ့သည်။ အမေရိကန် နိုင်ငံ Brookings Institution မှ အဆင့်မြင့် သုတေသီ Darrell M. West က ဒေါ်နယ်ထရမ့် အစိုးရ ၏ နိုင်ငံခြားရေး မူဝါဒ က မျှော်မှန်းထားသည့် ရလဒ်များ မထွက်ပေါ်လာသည့် အပြင် အမေရိကန် နိုင်ငံ အား အများတိုက်ခိုက်လာစေသည့် ပစ်မှတ် တစ်ခု ဖြစ်လာစေခဲ့ကြောင်း ပြောကြား ခဲ့သည်။
မိမိ နိုင်ငံ မှ ပေးဆပ်မှုများပြား သောကြောင့် အခြားသူများ အကျိုးအမြတ် ရရှိသည် ကို သာ အမြဲတစေ အထူးပြောကြားခြင်း ၊ မိမိ နိုင်ငံ အကျိုးစီးပွားကိုသာ ဦးတည်ရှာဖွေပြီး အခြား နိုင်ငံများ၏ အကျိုးစီးပွား ကို လျစ်လျူရှူခြင်း ၊ မိမိ နိုင်ငံ ၏ မဟာမိတ်များကို နည်းလမ်း အမျိုးမျိုးဖြင့် တာဝန် မျှဝေ ခံစားရန် တောင်းဆိုခြင်း ၊ မရိုးနိုင်သော အကြောင်းပြချက် များဖြင့် နိုင်ငံတကာ တာဝန်များ ထမ်းဆောင်ရန် ကို ငြင်းဆန်ခြင်း ၊ ဤကဲ့သို့သော အမေရိကန် နိုင်ငံ သည် ကမ္ဘာ့ နိုင်ငံ အသီးသီး ၏ လေးစားမှု နှင့် ယုံကြည်မှု ရရှိရန် ခက်ခဲသည့် အပြင် လုံလောက်သော ကျင့်ဝတ်အရည်အချင်း နှင့် နိုင်ငံတကာ သြဇာလွှမ်းမိုးမှု လည်း ရရှိနိုင်မည် မဟုတ်သောကြောင့် မိမိ အလိုရှိသော တောင်းဆိုမှုများလည်း အကောင်အထည် ပေါ်လာမည် မဟုတ်ကြောင်း သုံးသပ်ရမည်။
လက်ရှိ ကမ္ဘာကြီးသည် အားလုံး ရောနှောပေါင်းဖက်ပူးပေါင်း နေသည့် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တစ်ခု ဖြစ်တည်လာချိန်ဖြစ်သည်။ မိမိ အနိုင်ရရှိရန် အတွက် အခြားသူ ရှုံးနိမ့်ရမည် ဟူသော စိတ်နေသဘောထားမျိုးသည် နိုင်ငံအများ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ဖြင့် အကျိုး ဖြစ်ထွန်းနေသည့် လက်တွေ့ အခြေအနေ နှင့် ကိုက်ညီမှု မရှိတော့သည် မှာ သိသာ ထင်ရှားသည်။ လက်ရှိချိန် ၌ လူသားအသိုင်းအဝိုင်း အပေါ် နားလည်လက်ခံမှု ပိုမိုပေးအပ်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရမည် ဖြစ်သောကြောင့် နိုင်ငံအသီးသီး နှင့် ပူးပေါင်းဆောင်ရွက် မှ သာ အကျိုးကျေးဇူး သို့မဟုတ် အမေရိကန် ပထမ ဖြစ်တည်လာမည် ဖြစ်ပြီး အားလုံးကို ကျောခိုင်း လိုက်ပါက ကမ္ဘာ့အင်အားကြီး နိုင်ငံ တစ်နိုင်ငံ အဖြစ် ရပ်တည်ရန် မှာ ခက်ခဲ လာစေမည် ဖြစ်သည်။(Xinhua)