North America
အမေရိကန် အီလီနွိုက်ပြည်နယ် အနောက်အလယ်ပိုင်းတစ်ခွင် လေဆင်နှာမောင်းများ တိုက်ခတ်
ချီကာဂို၊ မတ် ၁ ရက် ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် မြောက်အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်း တစ်ခွင်၌ ဖေဖော်ဝါရီလ ၂၈ ရက် ညနေပိုင်းက လေဆင်နှာမောင်း အနည်းဆုံး လေးကြိမ် တိုက်ခတ်ခဲ့ရာ လူ တစ်ဦးသေဆုံးပြီး မိုးသီးများကျခြင်း၊ လေကြမ်းတိုက်ခြင်းများ ဖြစ်ပွားကာ ပျက်စီးမှုများစွာ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လေဆင်နှာမောင်းများက ဒေသစံတော်ချိန် ညနေ ၄း၀၀ နာရီ နောက်ပိုင်း စတင်တိုက်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသား မိုးလေဝသ လုပ်ငန်းထံမှ သိရသည်။
သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ခြင်း၊ ပြတင်းပေါက်များ ပျက်စီးခြင်း၊ လျှပ်စစ်မီးများ ပြတ်တောက်ခြင်းနှင့် ဂတ်စ်များ စိမ့်ထွက်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း အီလီနွိုက်ပြည်နယ် မြောက်အလယ်ပိုင်း အော့တဝါ ဒေသခံများက သတင်းပေးထားသည်။ ဒေသစံတော်ချိန် ညနေ ၄း၄၅ နာရီ အချိန်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အော့တဝါတွင် လူ တစ်ဦး သေဆုံးခဲ့ကြောင်း အော့တဝါ မီးသတ် ဋ္ဌာနက သတင်း တင်ပြထားသည်။
အီလီနွိုက်ပြည်နယ်တွင် ကျရောက်ခဲ့သည့် မိုးသီးများမှာ အရွယ်အစားအားဖြင့် တစ်လက်မခန့်ရှိကြောင်း မိုးလေဝသ လုပ်ငန်းက ၎င်းတို့၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ (Xinhua)