Connect with us

North America

ရင်းနှီးမြှုပ်နှံမှု အခြေခံ အဆောက်အအုံ စီမံကိန်း ကန်ဒေါ်လာ ၁ ထရီလီယံ ခွင့်ပြုရန် လွှတ်တော်ထံ ထရမ့် အဆိုပြု

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် အလုပ်အကိုင်သစ်များ ပေါ်ထွက်လာရန် အခြေခံ အဆောက်အအုံ အခင်းအကျင်း အမေရိကန် ဒေါ်လာ ၁ ထရီလီယံ ရင်းနှီးမြှုပ်နှံမည့် စီမံကိန်း တစ်ရပ်အား ခွင့်ပြုရန် ဖေဖော်ဝါရီလ ၂၈ ရက် ဒေသစံတော်ချိန် ညပိုင်းတွင် လွှတ်တော်ထံ သမ္မတ ထရမ့်က တောင်းဆိုလိုက်သည်။

“ပြည်ပမှာ ကျွန်တော်တို့ ဒေါ်လာ ထရီလီယံပေါင်းများစွာ သုံးစွဲခဲ့ပြီးပေမဲ့ ပြည်တွင်းမှာတော့ အနည်းအကျဉ်းပဲ ရှိခဲ့တယ်၊ ခုချိန်ဟာ အမျိုးသား ပြန်လည် တည်ဆောက်ရေး လုပ်ရမဲ့အချိန်ပါပဲ” ဟု သမ္မတဖြစ်လာပြီး ကတည်းက လွှတ်တော်တွင် ပထဆုံးပြောကြားခဲ့သည့် မိန့်ခွန်းတွင် ထရမ့်က ပြောကြားခဲ့သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအား အစိုးရနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု နှစ်ခုလုံးတွင် ငွေကြေးထည့်ဝင်ကာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

ယင်း အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုအား “Buy American, Hire American” ဟူသော အဓိက စည်းမျဉ်းကြီး နှစ်ရပ်ဖြင့် ဦးဆောင်လမ်းပြ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ယင်းအချက်သည် အမေရိကန် အခြေစိုက် ဆောက်လုပ်ရေး၊ အင်ဂျင်နီးယားရင်းနှင့် ဗိသုကာ ကုမ္ပဏီများ၊ အမေရီကန် အလုပ်သမားများ အတွက် အကျိုးကျေးဇူးရှိလိမ့်မည် ဖြစ်ကြောင်း ထရမ့်က ထည့်သွင်း ပြောကြားခဲ့သည်။

အခွန်စနစ် ပြုပြင်ပြောင်းလဲလိုက်ခြင်းနှင့် ပတ်သက်၍ ထရမ့်က ပြောကြားခဲ့ရာတွင် ၎င်း၏ စီးပွားရေးအဖွဲ့က သမိုင်းဝင် အခွန်စနစ် ပြုပြင်ပြောင်းလဲပြီး ကော်ပိုရိတ် အခွန်နှုန်းထား ဖြတ်တောက်လိုက်ခြင်းအားဖြင့် တစ်ချိန်တည်းမှာပင် အလယ်အလတ်တန်းစား ပြည်သူများအတွက် အခွန်သက်သာခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း အဆိုပြုချက်နှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကိုမူ ပြောကြားထားခြင်း မရှိပေ။

အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin က သြဂုတ်လ လွှတ်တော် ရပ်နားချိန် မတိုင်မီ အခွန်စနစ် ပြုပြင်ပြောင်းလဲမှု ပြုလုပ်နိုင်ရန် အလွန် အရေးကြီးကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.