North America
အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးယားပြည်နယ်တွင် သေနတ်ပစ်ခတ်မှုကြောင့် အမျိုးသား ၄ဦးသေဆုံး
ဝါရှင်တန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးယားပြည်နယ် ဘာ့ခ်စ်စီရင်စု တွင် ဇန်နဝါရီ ၂၈ရက်က သေနတ်ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့ရာ အမျိုးသား ၄ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ရီးဒင်းမြို့ တောင်ဘက် အမှတ် (၃) လမ်းမ ရှိ အခင်းဖြစ်ပွားရာသို့ ဇန်နဝါရီ ၂၈ရက် ည ၇နာရီ ဝန်းကျင်တွင် ရဲတပ်ဖွဲ့များရောက်ရှိလာခဲ့ကြောင်း သိရသည်။
သေဆုံးသူအားလုံးသည် အမျိုးသားများဖြစ်ကြောင်း၊ ၎င်းတို့အနက် ၃ဦးကို နေအိမ်တစ်ခုအတွင်း ၌ သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာဆေးရုံသို့ ရောက်ရှိစဉ်သေဆုံးသွားကြောင်း ပြည်တွင်း သတင်းစာတစ်စောင်ကဖော်ပြခဲ့သည်။
သေဆုံးသူများ၏ ကိုယ်ရေးအချက်အလက်များကို ထုတ်ပြန်ကြေညာခြင်းမရှိကြောင်း သိရသည်။
ထောက်လှမ်းရေးများက သံသယရှိသူ (သို့) ပစ်ခတ်ရခြင်းအကြောင်းရင်း နှင့် ပတ်သက်၍ သတင်းအချက်အလက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိခဲ့ပေ။
အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၉ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)