Connect with us

North America

အမေရိကန် နိုင်ငံ ရှိ ဆရာဝန် တစ်ဦး မုဒိမ်းမှု ကျူးလွန် သဖြင့် ထောင်ဒဏ် ၁၇၅ နှစ် ကျခံရန် အမိန့်ချ

ထောင်ဒဏ် ၁၇၅ နှစ် ကျခံရသည့် အမေရိကန် နိုင်ငံ ကျွမ်းဘားအားကစား အသင်း ဆရားဝန်ဟောင်း Nassar အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ကျွမ်းဘားအားကစား အသင်း ဆရာဝန်ဟောင်း Nassar ၏ ပြစ်ဒဏ် ကျခံမှု အတိုင်းအတာ နှင့် ပတ်သက်၍ အချိန် တစ်ပတ်ကျာ ကြားနာမှု ဆောင်ရွက်ပြီးနောက်တွင် ဇန်နဝါရီ ၂၄ ရက်နေ့ Michigan ပြည်နယ် မြို့တော်ရှိ တရားရုံးတွင် တရားသူကြီး က ထောင်ဒဏ် ၄၀ နှစ် မှ ၁၇၅ နှစ် အထိ ကျခံရန် အမိန့်ထုတ်ပြန်ခဲ့သည်။

တရားသူကြီးက အမိန့်ကြေညာချက် မထုတ်ပြန်မီ ပြောကြားခဲ့ရာတွင် Nassar အနေဖြင့် မြင့်မားသည့် တံတိုင်းများ ကာရံထားသည့် နေရာတွင်သာ နေထိုင်ရန် သင့်လျော်ပြီး ၎င်းအနေဖြင့် ပြစ်မှုကျူးလွန်လိုသည့် လိုအင်ဆန္ဒကို မထိန်းချုပ်နိုင်ကြောင်း ၊ ၎င်းအနေဖြင့် ယင်းကဲ့သို့သောနေရာ တွင် ထိန်းချုပ်မထားပါက ရောက်လေရာအရပ်တွင် အင်အားနည်းသူများအပေါ် ပြစ်မှုကျူးလွန်မည်ဖြစ်ပြီး လူ့အသိုင်းအဝိုင်း ကို ဖျက်ဆီးမည့် သူ တစ်ဦး ဖြစ်ကြောင်း ၊ ၎င်းသည် ပြစ်မှုကျူးလွန်ရန် အစီအစဉ်ကျနစွာ ပြင်ဆင်သူ တစ်ဦး ဖြစ်ပြီး လွန်စွာ ရက်စက်ကြောက်မက်ဖွယ်ကောင်းသူ တစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကြားနာမှုဆောင်ရွက်စဉ် အတွင်း အမေရိကန် ဆရာဝန် Nassar ၏ မုဒိမ်းကျင့်မှု ခံခဲ့ရသူပေါင်း ၁၀၀ ကျော်က သက်သေထွက်ဆိုခဲ့ကြပြီး သက်သေထွက်ဆိုချက်များအရ Nassar သည် ဆရာဝန် လုပ်ငန်းဆောင်ရွက်စဉ် အတွင်း ဆရာဝန် အမည်ခံဖြင့် လူပေါင်း ၁၀၀ ကျော်ကို မုဒိမ်းမှု ကျူးလွန်ခဲ့ပြီး အများစု မှာ အသက်မပြည့်သေးသည့် ကလေးသူငယ်များ ဖြစ်ကြောင်း သိရှိရသည်။

Nassar က အမိန့်ထုတ်ပြန်ခြင်းမပြုမီ ပြောကြားခဲ့ရာတွင် သက်သေထွက်ဆိုချက်များက မိမိ အား လွန်စွာ တုန်လှုပ်စေခဲ့ပြီး မိမိ ၏ အပြစ်များ အပေါ် နောင်တရမှု ကို စကားလုံးဖြင့် မပြောကြား နိုင်တော့ကြောင်း ၊ ရှေ့ဆက်ဘဝတစ်လျှောက်တွင် မိမိ အနေဖြင့် စစ်ဆေးမှုများကို ခံယူသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.