North America
အမေရိကန်နိုင်ငံ ဘော့စတွန်မြို့အနီး ဂတ်စ်ပေါက်ကွဲမှု ဖြစ်ပွား ၊ ကယ်ဆယ်ရေးများဆောင်ရွက်နေ
ဝါရှင်တန် ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မြို့မြောက်ပိုင်းတွင် စက်တင်ဘာ ၁၃ ရက်က ဂတ်စ်ပေါက်ကွဲမှု အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ရာ ဒေသခံများကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးခဲ့ရကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ဆိုသည်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု အခြေအနေကို အလျင်စလို သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
မက်ဆာချူးဆက်ပြည်နယ် ရဲတပ်ဖွဲ့က တွစ်တာလူမှုကွန်ရက်ပေါ်၌ ရေးသားဖော်ပြရာတွင် လက်ရှိအချိန်ထိ ပေါက်ကွဲမှု ၃၉ ကြိမ်ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့ပြီး အကြိမ်အရေအတွက် ထပ်မံမြင့်တက်လာဖွယ်ရှိကြောင်းဆိုသည်။
အမေရိကန်နိုင်ငံ ဘော့စတွန်မြို့၌ ဂတ်စ်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ကောင်းကင်ယံ၌ မီးခိုးပြာများ ဖုံးလွှမ်းနေပုံ (ဆင်ဟွာ)
ပေါက်ကွဲမှု ဖြစ်ပွားရခြင်းအကြောင်းအရာကို ထုတ်ပြန်ရန် စောလွန်းနေသေးကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
Methuen ရဲတပ်ဖွဲ့အကြီးအကဲ ဂျိုးဇက်ဆိုလိုမွန် ( Joseph Solomon) က သတင်းသမားများအားပြောကြားရာတွင် မီးအကြီးအကျယ်လောင်နေကြောင်း ၊ မီးခိုးပြာများ ဖုံးလွှမ်းနေသဖြင့် ကောင်းကင်ယံ ကို ရှင်းလင်းစွာ မမြင်တွေ့ရကြောင်း ဆိုသည်။
ဘော့စတွန်မြို့မြောက်ပိုင်း မိုင် ၃ဝ အကွာ ရှိ Lawrence တွင် မီးလောင်ကျွမ်းမှုကြောင့် ခန့်မှန်းခြေ နေအိမ် ၂ဝ လုံး မှ ၂၅ လုံးထိ ပျက်စီးသွားကြောင်း ရဲအရာရှိကဆက်လက်ပြောကြားခဲ့သည်။(Xinhua)