Connect with us

North America

ဖလော်ရင့် ဟာရီကိန်းမုန်တိုင်းက အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ စွမ်းအင် အခြေခံအဆောက်အအုံအပေါ် သက်ရောက်မှုရှိ

အမေရိကန်နိုင်ငံတွင် မုန်တိုင်းကြောင့် ရေကြီးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဟို့စ်တန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ဟာရီကိန်းမုန်တိုင်း ဖလော်ရင့် (Florence) သည် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဒေသတစ်လျှောက်ရှိ စွမ်းအင်အခြေခံအဆောက်အအုံအား သက်ရောက်မှုရှိကြောင်း အမေရိကန်နိုင်ငံ စွမ်းအင်ဆိုင်ရာ သတင်းအချက်အလက် အုပ်ချုပ်ရေး (EIA) က စက်တင်ဘာလ ၁၃ ရက်ကပြောကြားလိုက်သည်။

အဆင့် ၂ အဖြစ်သတ်မှတ်ထားသည့် ဖလော်ရင့်ဟာရီကိန်းသည် အမေရိကန်နိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်းသို့ စက်တင်ဘာလ ၁၄ ရက်တွင် စတင်ဝင်ရောက်မည် ဖြစ်ကြောင်း၊ ယင်းဟာရီကိန်းကြောင့် လျှပ်စစ် ပို့်လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းများအား အနှောင့်အယှက်ဖြစ်မည်ဖြစ်ကြောင်း၊ ပြည်သူများ ရွှေ့ပြောင်းမှုများ အကြီးအကျယ်ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် ပုံမှန်စီးပွားရေးလုပ်ငန်းဆောင်တာများ နှောင့်နှေးနိုင်မည်ဖြစ်ကာ သယ်ယူပို့ဆောင်ရေးလောင်စာများ လိုအပ်ချက်အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း အုပ်ချုပ်ရေးအဖွဲ့က ပြောခဲ့သည်။

စက်တင်ဘာလ ၁၃ ရက်နံနက်ပိုင်းတွင် ဂျော်ဂျီယာ၊ မြောက်ကယ်ရိုလိုင်းနား၊ တောင်ကယ်ရိုလိုင်းနား သို့မဟုတ် ဗာဂျီးနီးယားရှိ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ ၁၁ ခုအနက် ၂ ခုအား လုပ်ငန်းလည်ပတ်မှု တဖြည်းဖြည်း လျှော့ချနေရကြောင်း EIA ထံမှ သိရသည်။

မုန်တိုင်းကြောင့် ပြည်နယ်နှစ်ခုရှိ ပြည်သူ ၃ သန်းကျော်ထံ လျှပ်စစ်ပေးဝေမှုကို ထိခိုက်စေကြောင်း၊ လျှပ်စစ်မီးပြန်လည်ရရှိရန် ရက်သတ္တပတ်ပေါင်းများစွာ အချိန်ယူရနိုင်ကြောင်း မြောက်နှင့် တောင်ကယ်ရိုလိုင်းနားရှိ အဓိကလျှပ်စစ်ဓာတ်အားပေးသော ကုမ္ပဏီ Duke Energy က စက်တင်ဘာလ၁၃ ရက်တွင် နယူးယောက်တိုင်းမ်သို့ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.