North America
အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် အင်အားပြင်း မုန်တိုင်းကြောင့် လူ ၂ ဦးသေဆုံး

ဝါရှင်တန်၊ မေ ၁၆ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် မေလ ၁၅ ရက်က ရာသီဥတုဆိုးဝါးမှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Connecticut ပြည်နယ်တွင် အမျိုးသားတစ်ဦးမှာ ၎င်း၏ ထရပ်ကားပေါ်သို့ သစ်ပင်တစ်ပင် ပြုတ်ကျခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း Danbury မြို့တော်ဝန် Mark Boughton က ပြောကြားခဲ့ပြီး နယူးယောက်မြို့တွင်လည်း အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း အလားတူဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
မိုးများသည်းထန်စွာ ရွာသွန်းနေပြီး မိုးသီးများ ကျဆင်းနေခြင်းကြောင့် နေအိမ်အတွင်းမှာပင် နေထိုင်ကြရန် Boughton က ပြောကြားခဲ့သည်။
နယူးယောက်ပြည်နယ်ရှိ နယ်မြေများစွာတွင်လည်း အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ပြုတ်ကျနေသော သစ်ပင်များနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြင်ဆင်ခြင်းများအား National Guard က ဆော်သြစည်းရုံးခဲ့သည်။
မုန်တိုင်းကြောင့် ပြည်သူ ၁၃၀,၀၀၀ ကျော် လျှပ်စစ်မီးပြတ်တောက်ခဲ့ရကြောင်း၊ ယင်းဒေသအတွင်းနှင့် အပြင်ရှိ လေကြောင်းခရီးစဉ်များစွာ ပယ်ဖျက်ခဲ့ကြောင်း သိရသည်။ (Xinhua)