North America
အမေရိကန်အစိုးရယန္တရားရပ်ဆိုင်းမှု ယာယီအဆုံးသတ်ရေး ဥပဒေကြမ်းကို ထရမ့် လက်မှတ်ထိုး

ဝါရှင်တန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံတွင် သီတင်းပတ်သုံးပတ်စာအတွက် အသုံးပြုရန် ရန်ပုံငွေဖြည့်တင်းရေး ဥပဒေကြမ်းတစ်ခုအား သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က လက်မှတ်ရေးထိုးပြီးနောက် ဇန်နဝါရီလ ၂၅ ရက်နှောင်းပိုင်းတွင် အမေရိကန်ပြည်ထောင်စု အစိုးရယန္တရား ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရအတွက် ဖေဖော်ဝါရီလ ၁၅ ရက်အထိ အသုံးပြုရန် ရန်ပုံငွေပါဝင်သော ဥပဒေကို ထရမ့်က လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က ကြေညာချက်တွင် ပြောကြားထားသည်။အဆိုပါ ဥပဒေကြမ်းတွင် ထရမ့်က မဖြစ်မနေတောင်းဆိုထားသော အမေရိက-မက္ကဆီကို နယ်စပ်တံတိုင်းအတွက် ရန်ပုံငွေမပါဝင်ကြောင်း၊ ဆိုလိုသည်မှာ လာမည့်သီတင်းပတ် သုံးပတ်အတွင်း အိမ်ဖြူတော်နှင့် ဒီမိုကရက်များအကြား ဆက်လက်ညှိနှိုင်းသွားကြမည် ဖြစ်ကြောင်း သိရသည်။ဇန်နဝါရီလ ၂၅ ရက်နေ့လယ်ပိုင်းတွင် ပြောကြားခဲ့သည့် မိန့်ခွန်း၌ ထရမ့်က ဆွေးနွေးမှုများ တုံ့ဆိုင်းနေပါက အစိုးရယန္တရားရပ်ဆိုင်းမှုနှင့် နိုင်ငံအရေးပေါ်အခြေအနေကြေညာခြင်းများ ဖြစ်သင့်ကြောင်း ခြိမ်းခြောက်ထားသည်။ (Xinhua))