North America
အလက်စကာတွင် အင်အား ၆.၀ ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်

နယူးယောက်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် Amatignak ကျွန်း အရှေ့အရှေ့တောင်ဘက် ၆၈ကီလိုမီတာ အကွာတွင် ဇန်နဝါရီ ၅ရက်က အင်အား ၆.၀ ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS) ကပြောကြားခဲ့သည်။
ငလျင်သည် မြောက်လတ္တီကျု ၅၀.၉၇၉၉ ဒီဂရီ နှင့် အနောက်လောင်ဂျီကျု ၁၇၈.၂၄၂ ဒီဂရီ ရှိ မြေအောက်အနက် ၃၅ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)