ပါရီ ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ Strasbourg မြို့ရှိ ခရစ္စမတ်စ်ဈေးတစ်ခုအနီး၌ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးသူ ၄ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
ကဘူးလ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့အနောက်ပိုင်းတွင် ဒီဇင်ဘာလ ၁၁ ရက်က အာဖဂန်လုံခြုံရေးတပ်ဖွဲ့၏ ယာဉ်တန်းတစ်ခုအား အသေခံကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံးလုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးနှင့် ဗုံးဖောက်ခွဲသူတစ်ဦး သေဆုံးသွားခဲ့ပြီး ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
ပဲရစ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်း Caen မြို့ ဒေသခံအကောက်ခွန် စီမံခန့်ခွဲရေး တာဝန်ရှိသူများက Caen လေဆိပ်တွင် ကိုကင်း ၁၆၆၂ ကီလိုဂရမ် ဖမ်းမိခဲ့ကြောင်း ပြည်သူ့လုပ်ငန်းနှင့် ငွေစာရင်းများဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
ဒါကာ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ၃၀၀ ၌ ကိုယ်စားလှယ်လောင်း ၁,၈၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာလ ၁၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန က မြောက်ကိုရီးယားနိုင်ငံ (DPRK) မှ အကြီးတန်းတာဝန်ရှိသူ ၃ဦးအပေါ် ပိတ်ပင်တားမြစ်မှုများ ချမှတ်ကြောင်း ဒီဇင်ဘာ ၁၀ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အတ္တလန္တိတ်သမုဒ္ဒရာအတွင်းရှိ South Sandwich ကျွန်းများ၏ ကမ်းရိုးတန်းရှိ ဧရိယာများတွင် ဒီဇင်ဘာ ၁၁ရက် ပေကျင်းစံတော်ချိန် နံနက် ၁၀း၂၆နာရီ တွင် အင်အား ၇.၅ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံငလျင်ကွန်ရက်များစင်တာ (CENC) ကပြောကြားခဲ့သည်။
အဘူဂျာ ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) ရေနံအလျှံအပယ်ထွက်ရှိသော နိုင်ဂျီးရီးယားနိုင်ငံတောင်ပိုင်းဆိပ်ကမ်းမြို့တစ်ခုဖြစ်သည့် Harcourt မြို့၌ နိုဝင်ဘာလက ၇ ထပ်အမြင့်ရှိ အဆောက်အအုံတစ်လုံးပြိုကျမှုဖြစ်စဉ်တွင် သေဆုံးသူ ၁၅ ဦးရှိပြီး အခြား လူ ၃၁ ဦးကို အပျက်အစီးပုံအတွင်းမှ ကယ်ဆယ်နိုင်ခဲ့ကြောင်း နိုင်ဂျီးရီးယား အရေးပေါ်ကယ်ဆယ်ရေးစီမံခန့်ခွဲမှုတာဝန်ရှိသူများက ဒီဇင်ဘာ ၁ဝ...
ကန်ဒါဟာ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ် တွင် သန်းခေါင်ယံအချိန်က စစ်တပ်ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ အနည်းဆုံး အာဖဂန်တပ်ဖွဲ့ဝင် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၀ ရက်တွင်ပြောကြားခဲ့သည်။
ဆစ်ဒနီ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ အနောက်သြစတြေးလျပြည်နယ်ရှိ လမ်းတစ်ခုတွင် ထိတ်လန့်ဖွယ် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၁၀ရက်တွင် တတိယမြောက် လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မိုဂါဒစ်ရှူး ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်စစ်တပ်သည် ဒီဇင်ဘာ ၈ ရက်က ဆိုမာလီယာနိုင်ငံ တောင်ပိုင်း Basraကျေးရွာအနီးတွင် အစွန်းရောက်အများအား ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အယ်လ်ရှာဘတ်၄ ဦး ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အမေရိကန်၏ အာဖဂန်စစ်ဌာနချုပ်(Africom) က ဒီဇင်ဘာ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။