Connect with us

North America

အမေရိကန်ဘီလျံနာသူဋ္ဌေးကြီး Epstein နယူးယောက်အကျဉ်းထောင်အတွင်း မိမိကိုယ်ကိုအဆုံးစီရင်

အမေရိကန်နိုင်ငံ သန်းကြွယ်သူဋ္ဌေးကြီး Epstein အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးယောက် ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ)

လိင်ကုန်ကူးမှုဖြင့် လွန်ခဲ့သော လက ဖမ်းဆီးခံခဲ့ရသည့် အမေရိကန်နိုင်ငံ ဘီလျံနာသူဋ္ဌေးကြီး ဂျက်ဖာရီအက်စတိန်း (Jeffrey Epstein) သည် နယူးယောက်မြို့ရှိအကျဉ်းထောင်တစ်ခုအတွင်း မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း ပြည်တွင်းမီဒီယာက သြဂုတ် ၁ဝ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အသက် ၆၆ နှစ်အရွယ် သူဋ္ဌေးကြီး Epstein ၏ ရုပ်အလောင်းကို မန်ဟက်တန်ရှိ မက်ထရိုပိုလီတန်အကျဉ်းထောင်အတွင်း( Metropolitan Correctional Center) ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃ဝ မိနစ်တွင် တွေ့ရှိခဲ့ကြောင်း သတင်းအရင်းအမြစ်က ပြည်တွင်းမီဒီယာများသို့ပြောကြားခဲ့သည်။

အက်စတိန်းသည် ၂ဝဝဝ ပြည့်နှစ်အစောပိုင်းက အမျိုးသမီးငယ်ပေါင်းများစွာကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ကြောင်း စွပ်စွဲမှုများဖြင့် ယခုနှစ် ဇူလိုင်လ အစောပိုင်းတွင် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။ ၎င်းသည် အာမခံလျှောက်ထားခဲ့သော်လည်း ငြင်းဆိုခံရပြီး အကယ်၍ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၄၅ နှစ်ထိ ကျခံရဖွယ်ရှိကြောင်း သိရသည်။

ဘီလျံနာသူဋ္ဌေးကြီးသည် လွန်ခဲ့သော ၂ ပတ်ကျော်က နောက်ကျောနာကျင်မှုဝေဒနာဖြင့် သတိမေ့မျောမှုဖြစ်ပွားခဲ့ကြောင်း နှင့် ယင်းအတွက်ကြောင့်ပင် အဆုံးစီရင်မှု-စောင့်ကြည့်ရေး သီးသန့်အခန်းတစ်ခုသို့ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

စိုက်ပျိုးရေးချေးငွေထောက်ပံ့ရေး သူဋ္ဌေးကြီး အက်စတိန်းသည် ပြည်ထောင်စုရှေ့နေရုံး၏ ရာဇဝတ်ကြောင်းဆိုင်ရာ စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့သည်။ ၎င်းသည် လွန်ခဲ့သော ၁၁ နှစ်ကျော်ကလည်း အလာတူးပြစ်မှုမျိုးဖြင့် ဖလော်ရီဒါတွင် အကျဉ်းကျခံရဖူးကြောင်း သိရသည်။

အက်စတိန်း၏ ပြစ်မှုဟောင်းများနှင့်ပတ်သက်၍ ယခုနှစ် ဇူလိုင်လတွင် အသစ်ပြန်၍ ကြားနာမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အက်စတိန်း၏ ပြစ်မှုများနှင့်ပတ်သက်၍ ၂ဝဝ၈ ခုနှစ်တွင် ညှိနှိုင်းဆောင်ရွက်မှုပြုလုပ်ပေးခဲ့သည့် ထိုစဉ်က မိုင်ယာမီပြည်နယ် ရှေ့နေချုပ် အဖြစ်တာဝန်ယူခဲ့သည့် အမေရိကန်အလုပ်သမားဝန်ကြီးဟောင်း Alex Acosta သည် အက်စတိန်း၏ အမှုကိစ္စ တစ်ဖန်ပြန်လည် ပေါ်ပေါက်လာစဉ် ပြီးခဲ့သောလ အစောပိုင်းက ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.