လန်ဒန်၊ မတ် ၂၈ ရက်(ဆင်ဟွာ) မူလ သတ်မှတ်ထားသည့် မတ် ၂၉ ရက် Brexit အချိန်ကို ရွှေ့ဆိုင်းရန် ဗြိတိန်အောက်လွှတ်တော်က မတ် ၂၇ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် Brexit နောက်ဆုံးကန့်သတ်ချိန်ကို အတိအကျသတ်မှတ်ထားခြင်းမရှိသေးကြောင်းသိရသည်။
ဒမတ်စကပ်စ်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အလက်ပိုပြည်နယ်အား မတ် ၂၇ ရက် ညသန်းခေါင်တွင် အစ္စရေးနိုင်ငံမှ လေကြောင်းဖြင့် တိုက်ခိုက်မှုကို ဆီးရီးယားလေကြောင်းကာကွယ်ရေးစနစ်များက ပြန်လည်တုံ့ပြန်ခဲ့ပြီး ဒုံးကျည်များ ၎င်းတို့၏ ပစ်မှတ်သို့ မရောက်ခင် ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း နိုင်ငံပိုင် SANA သတင်းဌာနက ဖော်ပြခဲ့သည်။
ကမ်ပါလာ၊ မတ် ၂၈ ရက် (ဆင်ဟွာ) ယူဂန်ဒါနိုင်ငံ မြောက်ပိုင်း ဒိုကိုလိုခရိုင် တွင် မတ် ၂၇ ရက်က ယာဉ်တိုက်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၆ဦးသေဆုံးပြီး အခြားလူ ၅ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ကိဗ်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ ၌ မတ် ၃၁ ရက် တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲ တွင် ပြည်ပရောက်ယူကရိန်းနိုင်ငံသား ၄၁၀,၀၀၀ ကျော် ပါဝင် ဆန္ဒမဲပေးမည်ဖြစ်ကြောင်း Interfax-Ukraine သတင်းဌာနက အကြီးတန်းနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
ဒမတ်စကပ်စ်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပိုပြည်နယ် တွင် မတ် ၂၇ ၇က်က လမ်းမိုင်းတစ်လုံးပေါက်ကွဲခဲ့ရာ စုစုပေါင်း လူ ၉ဦးသေဆုံးပြီးအခြားလူ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန SANA ကဖော်ပြခဲ့သည်။
ဗယ်လက်တာ၊ မတ် ၂၈ ရက်(ဆင်ဟွာ) ရွှေ့ပြောင်းနေထိုင်သူများက မတ် ၂၇ ရက်တွင် သင်္ဘောတစ်စီးကို ပြန်ပေးဆွဲ၍ မော်လ်တာနိုင်ငံ သို့ ဦးတည်မောင်းနှင်လာကြောင်း မော်လ်တာနိုင်ငံ လက်ကိုင်တပ်ဖွဲ့က ယင်းနေ့တွင်ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ မတ် ၂၈ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယား နိုင်ငံသို့တရုတ် ခရီးသွား ဧည့်သည်များ ဝင်ရောက် လည်ပတ်မှုမှာ ယခု ၂၀၁၉ ခုနှစ်၏ ပထမ နှစ်လ အတွင်း ၄၁၈,၅၇၂ ဦး ရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် ၃၁.၇ ရာခိုင်နှုန်း မြင့်တက်...
နယူးဒေလီ၊ မတ် ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ က အိန္ဒိယသိပ္ပံပညာရှင်များသည် အနိမ့်ပိုင်းကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်း (LEO) ပေါ်တွင် လည်ပတ်နေသော ဂြိုဟ်တုတစ်လုံးကို ဂြိုဟ်တုတားဆီးရေးလက်နက် A-SAT ဖြင့် ပစ်ချခဲ့ကြောင်း မတ် ၂၇ ရက်တွင် အံသြဖွယ် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
နာ-ဆူလ်တန် ၊ မတ် ၂၈ ရက်(ဆင်ဟွာ) ကာဇက်စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ Mi-8 စစ်ဘက်သုံးရဟတ်ယာဉ်တစ်စင်းသည် နိုင်ငံ၏ Kyzylorda ဒေသတွင် မတ် ၂၇ ရက်က ပျက်ကျသွားခဲ့ရာ ၎င်းရဟတ်ယာဉ်ပေါ်လိုက်ပါလာသည့် လူ ၁၃ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ကာဇက်သမ္မတ Kassym-Jomart Tokayev က ဆိုသည်။
ဒိုဟာ၊ မတ် ၂၇ ရက် (ဆင်ဟွာ) ကာတာနိုင်ငံ ၏ ကာကွယ်ရေးဝန်ကြီး ခလဒ်စ်အယ်လ်အတိရက်ခ် (Khalid Al Attiyah) သည် ကာတာနိုင်ငံသို့ရောက်ရှိနေသည့် အီတလီနိုင်ငံ ကာကွယ်ရေးဝန်ကြီး အယ်လီစဘက်တာထရန်တာ(Elisabetta Trenta) နှင့် စစ်ရေး ၊ ကာကွယ်ရေးတွင် နှစ်နိုင်ငံ ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက် ရန်...