နယူးဒေလီ ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံအလယ်ပိုင်း Madhya Pradesh ပြည်နယ် ဒေသဆိုင်ရာအစိုးရက သက်ငယ်မုဒိန်းမှုကို သေဒဏ်အပြစ်ပေးရန် နိုဝင်ဘာလ ၂၆ ရက်က အတည်ပြုလိုက်ကြောင်း သိရသည်။
ဂျကာတာ ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Mount Agung မီးတောင်ပေါက်ကွဲနေမှုအား အမြင့်ဆုံး အဆင့်ဖြစ်သော အဆင့် ၄ အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သတင်းအရင်းအမြစ်များက နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်ရှိ အဝေးပြေးလမ်းမကြီး တစ်ခုပေါ်တွင် ယာဉ် ငါးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ အဝေးပြေးလမ်း လှည့်ကင်း တာဝန်ရှိသူများက နိုဝင်ဘာလ ၂၆ ရက်က ပြောကြားခဲ့သည်။
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ ဆိပ်ကမ်းနယ်မြေတွင် နိုဝင်ဘာလ ၂၅ ရက်က ရဲတပ်ဖွဲ့နှင့် မူးယစ်ဂိုဏ် တစ်ခုတို့အကြား တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ မူးယစ်ကုန်ကူးများအဖြစ် သံသယရှိသူ ၇ ဦး သေဆုံးခဲ့ကြောင်း တရားဝင် သတင်းရင်းမြစ်များက ကြေညာလိုက်သည်။
ဂျကာတာ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Agung မီးတောင်မှာ အားပြင်းပြင်းဖြင့် ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေပြီး ပြာမှုန့်များအား လေးကီလိုမီတာအမြင့်အထိ မှုတ်ထုတ်နေသဖြင့် ယင်း ပိုင်နက်နယ်မြေအတွင်း လေကြောင်း ပျံသန်းခွင့်ကို အာဏာပိုင်များက ပိတ်ပင်ထားကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကိုင်ရို ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) နိုဝင်ဘာလ ၂၄ ရက် ညပိုင်းက အီဂျစ်နိုင်ငံ မြောက်ပိုင်း ဆိုင်နိုင်းပြည်နယ်အတွင်းရှိ ဗလီတစ်လုံး တိုက်ခိုက်ခံရမှုတွင် သေဆုံးသူဦးရေမှာ ၃ဝ၅ ဦးအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၄ ဦး သေဆုံးပြီး အခြားသူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအနက် အမျိုးသမီးများနှင့် ကလေးများ ပါဝင်ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြထားသည်။
လန်ဒန် ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) အင်္ဂလန်နိုင်ငံ လန်ဒန်မြို့လယ်ရှိ အောက်စ်ဖို့ဆပ်ကပ်ပြပွဲရုံတွင် နိုဝင်ဘာလ ၂၄ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ကိုင်ရို ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) နိုဝင်ဘာလ ၂၅ ရက်က အီဂျစ်နိုင်ငံ မြောက်ပိုင်း ဆိုင်နိုင်းပြည်နယ်အတွင်းရှိ ဗလီတစ်လုံး တိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၂၃၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အီဂျစ်နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းဌာနက ဖော်ပြခဲ့သည်။
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း မြို့တော် ပက်ရှ်ဝါတွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရော အဆင့်မြင့် ရဲအရာရှိ တစ်ဦးအပါအဝင် ရဲ နှစ်ဦး သေဆုံးခဲ့ကာ ဒဏ်ရာရသူ ၆ ဦးရှိခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာက နိုဝင်ဘာလ ၂၄ ရက်တွင်...