Connect with us

North America

အမေရိကန်မြောက်ပိုင်းတွင် လူသတ်မှုတစ်ခုကြောင့် လူ ၄ဦးသေဆုံး

လူသတ်မှုဖြစ်ပွားရာ အမေရိကန်နိုင်ငံ Mandan မြို့ရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းသို့ ရဲကားများရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြောက်ပိုင်း Dakota ပြည်နယ် Mandan မြို့တွင် ဖြစ်ပွားခဲ့သော လူသတ်မှုတစ်ခု၌ လူ ၄ဦးသေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဧပြီ ၁ရက်တွင်ပြောကြားခဲ့သည်။

အမျိုးသား ၃ဦး နှင့် အမျိုးသမီး တစ်ဦး ၏ ရုပ်အလောင်းများကို အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတစ်ခု ၌ တွေ့ရှိခဲ့ကြောင်း Mandan ရဲဌာနက ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

သေဆုံးသူများ အသတ်ခံရခြင်းအကြောင်းရင်း နှင့် သံသယရှိသူ၏အချက်အလက်များကို ရဲတပ်ဖွဲ့ကထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ရဲချုပ် Jason Ziegler က ပြည်သူများအတွက် အန္တရာယ်မရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါလုပ်ငန်းတွင် ဝန်ထမ်း ၂၀ကျော်ရှိပြီး နှစ် ၂၀ကျော်လုပ်ကိုင်ခဲ့သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။

လူဦးရေ ၂၂,၀၀၀ဦးရှိသော Mandan မြို့သည် ပြည်နယ်မြို့တော်ဖြစ်သော Bismarck မြို့အနီးတွင်တည်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.