ရီယိုဒီဂျနေရို ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) FIFA ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု နှစ်ကြိမ်ဆွတ်ခူးထားသော ဘရာဇီးဘောလုံးအကျော်အမော် ရော်နယ်ဒင်ဟိုသည် တောင်အမေရိကတိုက် ကလပ်အသင်းတစ်ခုနှင့်အတူ ဘောလုံးလောကထဲသို့ပြန်လည်ဝင်ရောက်လာရန် မျှော်လင့်ထားကြောင်း ၎င်း၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် အစ်ကိုဖြစ်သူက ပြောကြားလိုက်သည်။
နယူးဒေလီ ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်၌ ဇန်နဝါရီလ ၁၄ ရက် က ခရီးသည်အများအပြားတင်ဆောင်ထားသော စက်လှေတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံးလူပေါင်း ၂၃ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါ စက်လှေသည် ဘီဟာပြည်နယ်မြို့တော် Patna မြို့လယ်ရှိ NIT...
တိုကျို ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ၏ အာကာသအေဂျင်စီသည် ယနေ့( ဇန်နဝါရီလ ၁၅ ရက်)တွင် ကမ္ဘာပတ်လမ်းထဲသို့ဂြိုဟ်တုတစ်စင်းလွှတ်တင်ရန်အတွက် အသေးစား-ဒုံးပျံတစ်စင်း စမ်းသပ်ပစ် လွှတ်ခဲ့ရာ ဆက်သွယ်ရေးစနစ်ချွတ်ယွင်းမှုကြောင့် မအောင်မမြင်ဖြစ်ခဲ့ရကြောင်း သိရသည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှု ဆန့်ကျင်ခြင်းများနှင့် အမေရိကန်နိုင်ငံအပေါ် အရေးပါသည့် အခြား ကူညီမှုများ လုပ်ဆောင်ခဲ့ကြောင်း သက်သေပြနိုင်ခဲ့ပါက ရုရှားအပေါ် ကန့်သတ်ထားသည့် ပိတ်ဆို့မှုများကို ဖယ်ရှားပစ်မည်ဟု အမေရိကန်နိုင်ငံ ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်က အရိပ်အမြွက်...
ဖနွမ်းပင်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် အလှူရှင် အဖွဲ့ တစ်ဖွဲ့က ကျွေးမွေးသော အစားအစာများမှာ ရက်လွန်နေသည့် အတွက် ယင်း အစားအစာများကို စားမိသည့် ကျောင်းသား ၂၂၂ ဦး အော့အန်သွားခဲ့ကြောင်း ဒေသခံ ရဲချုပ်က ဇန်နဝါရီလ ၁၄ ရက်က ပြောကြားလိုက်သည်။
လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဖိနပ်ခုံတွင် စြင်္ကာတံဆိပ်များ ရိုက်နှိပ်ထားသည်ကို ဝယ်သူ တစ်ဦးက တွေ့ရှိခဲ့ပြီးနောက် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် နယ်မြေအတွင်းရှိ ဖိနပ် ဖြန့်ဖြူးရောင်းချသူ တစ်ဦးက အဆိုပါ ဖိနပ်များအား ဈေးကွက်မှ ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဒူဘိုင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က ဒူဘိုင်းမြို့ရှိ Rashid ဆေးရုံတွင် ဆေးဝါးများအား စက်ရုပ်ဖြင့်ရောင်းချခြင်းကို စတင်ဆောင်ရွက်ခဲ့ကြောင်း UAE နိုင်ငံပိုင် WAM သတင်းဋ္ဌာန က ဇန်နဝါရီ ၁၃ ရက် ကဖော်ပြခဲ့သည်။
ဘန်ကောက်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံလေတပ်၏ Gripen တိုက်ခိုက်ရေး လေယာဉ်တစ်စီးသည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ လေဆိပ်တစ်ခုတွင် ဇန်နဝါရီ ၁၄ ရက်က ပျက်ကျခဲ့ရာ လေယာဉ်မှူးသေဆုံးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် လူသေဆုံးမှုများ ဖြစ်ပေါ်စေခဲ့သော ရေလွှမ်းမိုးမှုများ နှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း သဝဏ်လွှာအား ဇန်နဝါရီ ၁၃ရက်တွင် ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း ထံပေးပို့ခဲ့ပြီး လိုအပ်သည့် အကူအညီများ...
ကွီတို၊ ဇန်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ကိုလံဘီယာ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် အောင်မြင်မှုရှိမည်ဟု မျှော်လင့်ထားကြောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ELN) ပြောက်ကျား အုပ်စုက ဇန်နဝါရီလ ၁၃ ရက်၌ ပြောကြားလိုက်သည်။