Connect with us

International Organizations

၂ဝ၅ဝ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ ၉.၇ ဘီလီယံ ရှိမည်ဟု ကုလသမဂ္ဂထုတ်ပြန်

လမ်းပေါ်သွားလာလှုပ်ရှားနေကြသည့် လူများအားတွေ့ ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

ကမ္ဘာ့လူဦးရေသည် လာမည့် ၂ဝ၅ဝ ပြည့်နှစ်တွင် ၉.၇ ဘီလီယံထိ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း နှင့် ရာစုနှစ်အကုန်တွင် ၁၁ ဘီလီယံကျော်ထိ မြင့်တက်နိုင်ဖွယ်ရှိကြောင်း ဧပြီ ၁ ရက်တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်အရ သိရသည်။

“ ၂ဝ၁၉ ခုနှစ်မှာ ကမ္ဘာ့လူဦးရေဟာ ၇.၇ ဘီလီယံ ရှိမယ်လို့ခန့်မှန်းရပြီး ဆက်ပြီးတော့လည်း တိုးပွားနေပါမယ်။ အဲဒီနှုန်းအတိုင်းဆက်တိုးနေရင်းက လာမယ့် ၂ဝ၅ဝ ပြည့်နှစ်မှာတော့ ၉.၇ ဘီလီယံအထိ ရောက်ရှိသွားမှာပါ။ အခု ရာစုနှစ်အကုန်မှာတော့ ကမ္ဘာ့လူဦးရေဟာ ၁၁ ဘီလီယံအထိ မြင့်တက်နိုင်ပါတယ်” ဟု ကုလသမဂ္ဂအစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာကို ဧပြီ ၁ ရက်တွင် ကျင်းပသည့် ကုလသမဂ္ဂ လူဦးရေ နှင့် ဖွံ့ဖြိုးရေး ကော်မရှင်၏ ၅၂ ကြိမ်မြောက် အရေးကြီးအစည်းအဝေးတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

“ ကမ္ဘာ့လူဦးရေဟာ ဆက်ပြီး တိုးပွားနေပါတယ်။ သဘာဝအရင်းအမြစ် နဲ့ဂေဟစနစ် အပေါ်မှာ ထပ်ဆင့် သက်ရောက်မှုတွေ ရှိနေလိမ့်မယ်လို့မျှော်လင့်ရပါတယ်” ဟု အစီရင်ခံက ဆိုသည်။

“ ကမ္ဘာ့လူဦးရေဟာ ကြီးထွားလာတယ်။အသက်ရှည်လာတယ်။ ပိုပြီးတော့ ရွှေ့ပြောင်းသွားလာနေကြတယ်။ ပထဝီလူမှုစီးပွားရေးပုံစံဟာလည်း အရင်ချိန်တွေကထက် ပိုပြီးပြောင်းလဲလာပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုနှစ်သည် ၁၉၉၄ ခုနှစ်က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ကျင်းပခဲ့သည့် လူဦးရေ နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ညီလာခံ၏ အကောင်အထည်ဖော်ဆောင်ရွက်မှု အစီအစဉ် စတင်သည့် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွင် အောင်မြင်မှုမှတ်တိုင်တစ်ခု၏ ၂၅ နှစ်မြောက် အခါသမယဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.