Connect with us

Africa & Middle East

အီရန်နိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် အနည်းဆုံး လူ ၅၅ဦးဒဏ်ရာရရှိ

အီရန်ငလျင်ကြောင့် အဆောက်အအုံများပြိုကျပျက်စီးနေစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ ကာမန်ပြည်နယ် ဟိုဂျက်ခ်မြို့တွင် ဒီဇင်ဘာ ၁၃ရက် နံနက်ပိုင်းက ရစ်ချ်တာစကေး ၆.၁ ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၅၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် IRIB ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။

ငလျင်သည် မြောက်လတ္တီကျု ၃၀.၈၃၇၂ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၅၇.၂၇၃၁ဒီဂရီ အရပ်တွင် မြေပြင်အနက် ၁၀ကီလိုမီတာကို ဗဟိုပြု၍ ဒေသစံတော်ချိန် နံနက် ၁း၁၁နာရီ၌ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ဟိုဂျက်ခ်မြို့တွင် ဒီဇင်ဘာ ၁၂ ရက်ကလည်း ရစ်ချ်တာစကေး ၆.၂ ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ လူ ၁၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့အင်အားပြင်း ငလျင်နှစ်ခု ဟိုဂျက်ခ်မြို့၌ ၂၄နာရီအတွင်း လှုပ်ခတ်ခဲ့မှုကြောင့် ပြည်သူများငလျင်ကြောင့် ထိတ်လန့်မှုများဖြစ်ခဲ့ကာ အေးလွန်းသည့်ရာသီဥတု၌ပင် ညသန်းခေါင်ယံတွင် လူများစွာနေအိမ်ပြင်ပ၌ နေခဲ့ကြကြောင်း သိရသည်။

နိုင်ငံပိုင်ရုပ်သံလိုင်း၏ ဖော်ပြချက်အရ ဟိုဂျက်ခ်မြို့အတွင်းရှိ စာသင်ကျောင်းများနှင့် တက္ကသိုလ်များကို ဒီဇင်ဘာ ၁၂ ရက် နှင့် ၁၃ရက်တွင် ပိတ်ထားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.