Connect with us

North America

သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၇ဝဝ ဘီလီယံ နီးပါးကို လက်မှတ်ရေးထိုးအတည်ပြု

ဆီးရီးယားနိုင်ငံ ကားဒစ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPG) စစ်စခန်း၌ တာဝန်ထမ်းဆောင်နေသော အမေရိကန်တပ်ဖွဲ့ ဝင်များအား တွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် နှစ်ပတ်လည် ကာကွယ်ရေး မူဝါဒ အသုံးစရိတ် အဖြစ် အမေရိကန်ဒေါ်လာ ၇ဝဝ ဘီလီယံနီးပါး ခွင့်ပြုသည့် ဥပဒေကြမ်းကို ဒီဇင်ဘာ ၁၂ ရက်တွင် အိမ်ဖြူတော်၌ လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့ကြောင်း ၊ ယင်းဥပဒေကြမ်းအရ အမေရိကန်စစ်တပ်အနေဖြင့် တပ်သားသစ်များ ၊ စစ်သင်္ဘောများ ၊ လေယာဉ်များ နှင့် အခြား စစ်ဘက်အသုံးအဆောင်များကို ဖြည့်ဆည်းခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်အမျိုးသားကာကွယ်ရေးအာဏာပိုင်ဥပဒေ(NDAA)အရ အခြေပြု ကာကွယ်ရေးဘက်ဂျက် အမေရိကန်ဒေါ်လာ ၆၂၆.၄ ဘီလီယံ နှင့် နိုင်ငံရပ်ခြားစစ်ဆင်ရေးများအတွက်အသုံးပြုမည့် ရံပုံငွေ အမေရိကန်ဒေါ်လာ ၆၅.၇ ဘီလီယံကို ပြီးခဲ့သော နိုဝင်ဘာလတွင် ကွန်ဂရက်၌ အတည်ပြုခဲ့သည်။

အဆိုပါ ငွေများသည် ကြည်းတပ်တွင် တာဝန်ထမ်းဆောင်ရန် တပ်သား ၇,၅ဝဝ ၊ ရေတပ်တွင်တာဝန်ထမ်းဆောင်ရန် တပ်သား ၁,ဝဝဝ ၊ မရိန်းတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် တပ်သား ၁,ဝဝဝ နှင့် လေတပ်တွင် တာဝန်ထမ်းဆောင်ရန် ရဲဘော် ၄,၁ဝဝ တို့ကို အသီးသီး ထပ်မံ ဖြည့်ဆည်းပေးရန် ဦးတည်ထားကြောင်း သိရသည်။

အမေရိကန်တပ်ဖွဲ့ဝင်များအတွက် လစာငွေ ၂.၄ ရာခိုင်နှုန်း တိုးမြှင့်ပေးရန်လည်း ခွင့်ပြုပေးထားပြီး ယင်းမှာ အစိုးရက တောင်းခံထားသော ၂.၁ ရာခိုင်နှုန်းထက် ပိုမို မြင့်မားနေကြောင်း သိရသည်။

အဆိုပါ ဥပဒေကြမ်းအောက်တွင် ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် F-35s တိုက်လေယာဉ် အစင်း ၉ဝ ( တောင်းဆိုချက်ထက် ၂ဝ စင်း ပိုမိုများပြား) ၊ F/A-18s တိုက်လေယာဉ် ၂၄ စင်း ( တောင်းဆိုချက်ထက် ၁ဝ စင်းပိုမိုများပြား) နှင့် တိုက်ရေယာဉ် ၃ စင်း ( တောင်းဆို ချက်ထက် ၂ စင်းပိုမိုများပြား) နှင့်အခြား စစ်ဘက်ဆိုင်ရာ အသုံးအဆောင်များကို ဝယ်ယူခွင့် ရရှိမည်ဖြစ်သည်။

ထို့ပြင် နိုဝင်ဘာလက တောင်းဆိုထားသော ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ နှင့် အာဖဂန်နစ္စတန်နိုင်ငံသို့နောက်ထပ် တပ်သား ၃,၅ဝဝ စေလွှတ်ရန်အတွက် အသုံးပြုငွေ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံကိုလည်း ဥပဒေကြမ်းက ခွင့်ပြုပေးခဲ့သည်။

အမေရိကန် ကြည်းတပ် ၊ ရေတပ် နှင့်လေတပ် တို့တွင်လည်း အရန်တပ်အင်အား နှင့် မြို့စောင့်တပ် အင်အားကို တိုးချဲ့သွားမည်ဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် နိုင်ငံရေးသတင်းစာမျက်နှာ တစ်ခုဖြစ်သည့် The Hill တွင်ရေးသားဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.