အစ္စလာမ်မာဘတ် ၊ မတ် ၁၄ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံက COVID-19 နှင့် ဆက်စပ်သည့် ကယ်ဆယ်ရေးပစ္စည်းများ ပါဝင်သော အကူအညီပစ္စည်းများကို ကပ်ရောဂါ တိုက်ဖျက်ရေး ကူညီရန် အီရတ်နိုင်ငံသို့ မတ် ၁၃ ရက်တွင် ပေးပို့ခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။
ဘန်ကောက်၊မတ် ၁၄ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံအယုဒ္ဓယမြို့တွင် အမျိုးသား ဆင်ပွဲတော်နေ့ကို မတ် ၁၃ ရက်က ကျင်းပပြုလုပ် နေစဉ်(ဆင်ဟွာ) ထိုင်းနိုင်ငံအယုဒ္ဓယမြို့တွင် အမျိုးသား ဆင်ပွဲတော်နေ့ကို မတ် ၁၃ ရက်က ကျင်းပပြုလုပ် နေစဉ်(ဆင်ဟွာ) ထိုင်းနိုင်ငံအယုဒ္ဓယမြို့တွင် အမျိုးသား ဆင်ပွဲတော်နေ့ကို မတ် ၁၃ ရက်က ကျင်းပပြုလုပ်...
ဟားဗားနား၊မတ် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များတွင် အထူးသဖြင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) နှင့်ပတ်သက်၍ နိုင်ငံခြားဝင်ရောက်စွက်ဖက်ခြင်းကို လက်မခံပယ်ချကြောင်း ကျူးဘားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez က ထုတ်ဖော် ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ မတ် ၁၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက် Balochistan ပြည်နယ်၌ ကျောက်မီးသွေးတွင်းတစ်ခုပေါက်ကွဲမှုဖြစ်ပွား ခဲ့ရာ အနည်းဆုံး မိုင်းလုပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း အရာရှိများက မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၁၁ ရက်(ဆင်ဟွာ) ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန်အတွက် အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် (၂,၃၀၀)အား ဆက်လက်နေရာချထားရန် ကာကွယ်ရေးဝန်ကြီး Lloyd Austinကခွင့်ပြုခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ရက်များတွင် ပြောကြားခဲ့သည်။
ဂျကာတာ၊မတ် ၁၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း အနောက်ဂျာဗားပြည်နယ်တွင် မတ် ၁၀ ရက် ညပိုင်းက ခရီးသည် ၆၂ ဦး တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် ချောက်ထဲထိုးကျမှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၂၆ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက ယနေ့နံနက်အစောပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။
နယူးဒေလီ၊ မတ် ၁၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်ရှိ မီးရထားလုပ်ငန်းရုံးအဆောက်အအုံတစ်ခု မီးလောင်ကျွမ်းခဲ့ရာ မီးသတ်သမား ငါးဦးနှင့် ရဲတစ်ဦးအပါအဝင် လူ ကိုးဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက မတ် ၉ ရက်၌ ပြောကြားခဲ့သည်။
ဒမတ်စ်ကက်စ် ၊ မတ် ၁၀ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံသမ္မတဘာရှာ အာဆတ် နှင့် ဇနီး အက်စ်မာအယ်လ်အာဆတ်တို့သည် COVID-19 ရောဂါကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း ဆီးရီးယားနိုင်ငံပိုင် SANA သတင်းအေဂျင်စီက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။
ဂျကာတာ၊ မတ် ၉ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ခန်းဖွင့်ကျယ်ဆုံး ရထားလမ်းအပိုင်း DK20+156 ယက်မချိတ်ဆက်မှုသည် မတ် ၈ ရက်တွင် အောင်မြင်စွာ ပြီးစီးခဲ့ပြီဖြစ်သည်။ ၎င်းမှာ ဂျကာတာ-ဘန်ဒေါင်း၏ အဓိကဆောက်လုပ်ရေးလုပ်ငန်းအစိတ်အပိုင်းတစ်ခု၏ ကြီးမားသည့် တိုးတက်မှုတစ်ခုပင် ဖြစ်သည်။
ယာအွန်ဒီ၊မတ် ၉ရက်(ဆင်ဟွာ) အီကွေတာဂီနီနိုင်ငံမြို့တော် ဘတ်တာမြို့(Bata)၌ ပေါက်ကွဲမှုများဖြစ်ပွားရာ လူပေါင်း ၉၈ ဦး သေဆုံးပြီး အခြား ၆၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒုတိယသမ္မတ Teodoro Nguema Obiang Mangue ၏ ပြောကြားချက်ကို ကိုးကား၍ ကျန်းမာရေးဝန်ကြီးဌာန တွစ်တာလူမှုကွန်ရက်တွင် မတ် ၈ ရက်က...