နယူးယောက်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟူစတန်မြို့ ဂျော့ဘုရှ်အပြည်ပြည်ဆိုင်ရာ လေဆိပ် အနီးရှိ ပင်လယ်အော်တစ်ခု အတွင်းသို့ လူ ၃ဦးလိုက်ပါလာသော ဘိုးအင်း ၇၆၇ ကုန်တင်လေယာဉ်တစ်စင်း ဖေဖော်ဝါရီ ၂၃ ရက်က ပျက်ကျသွားခဲ့ကြောင်း ဖယ်ဒရယ်လေကြောင်းဦးစီးဌာန (FAA) ကပြောကြားခဲ့သည်။
ကာရာကပ်စ် ၊ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ကိုလံဘီယာနိုင်ငံနှင့် သံတမန်နှင့်နိုင်ငံရေးဆက်ဆံမှု ဖြတ်တောက်ကြောင်း ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro)က ဖေဖော်ဝါရီ ၂၃ ရက်တွင် ကြေညာခဲ့သည်။
အဘူဂျာ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း မိုင်ဒူဂူရီမြို့တွင် သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော် ရွေးကောက်ပွဲများ မစတင်မီ ဖေဖော်ဝါရီလ ၂၃ ရက် နံနက်အစောပိုင်းက ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း ဒေသခံမီဒီယာများက သတင်းဖော်ပြခဲ့သည်။
ဆန်ဖရန်စစ္စကို၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) တွစ်တာ ပူးတွဲတည်ထောင်သူ အီဗန် ဝီလျံ (Evan Williams) က ၎င်းအနေဖြင့် အမေရိကန် လူမှုကွန်ရက်ကြီးဖြစ်သော တွစ်တာ (Twitter) ဒါရိုက်တာဘုတ်အဖွဲ့မှ ယခုလကုန်တွင် နုတ်ထွက်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။
ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) သည် မကြာမီ ဗီယက်နမ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး လာရောက်မည် ဖြစ်ကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက ဖေဖော်ဝါရီလ ၂၃ ရက်က ပြောကြားလိုက်သည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟဲ (Liu He) နှင့် အိမ်ဖြူတော်၌ ဖေဖော်ဝါရီလ ၂၂ ရက်က တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ကျင်းပဆဲ နှစ်နိုင်ငံ...
အန်ကာရာ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံမှ အမေရိကန် တပ်များရုပ်သိမ်းရေးနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တူရကီနိုင်ငံ သမ္မတ ရီဆက် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) တို့သည် ဖေဖော်ဝါရီ...
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အက်ဆမ်ပြည်နယ်တွင် အရက်တုများ သောက်သုံးပြီးနောက် အမျိုးသမီး ၈ ဦးအပါအဝင် လူ ၁၄ ဦးသေဆုံးကာ အခြားသူ ၁၃ ဦး ဖျားနာခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။
မာပူတို၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) မိုဇမ်ဘစ်နိုင်ငံတစ်ဝန်း သဘာဝဘေးအန္တရာယ်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ဆန် တန်ချိန် ၅,၇၀၀ ထောက်ပံ့ရန် တရုတ်နိုင်ငံက ကတိပြုထားသော သဘောတူညီချက်အား မိုဇမ်ဘစ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဆရီနာဂါ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားသော ကတ်ရှ်မီးယားဒေသတွင် နှင်းတောင်ပြိုကျမှုကြောင့် အနည်းဆုံး လူနေအိမ် အလုံး ၃၀ ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၂ ရက်တွင်ပြောကြားခဲ့သည်။