မော်စကို၊ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ရုရှားနိုင်ငံ၏ မဟာဗျူဟာမြောက်ဒုံးကျည်တပ်ဖွဲ့သည် ၂၀၂၁ ခုနှစ်အတွင်း လေ့ကျင့်မှုပေါင်း ၂၀၀ ကျော် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဘန်ကောက်၊ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ၂ သန်းကို ဝယ်ယူသွားရန် ထိုင်းနိုင်ငံက ရည်မှန်းထားကြောင်း ထိုင်းနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရုံးက ဇန်နဝါရီ ၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ ၂၄ နာရီအတွင်း လူနာသစ် ၇၂၉ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှု ၄ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။
ဟနွိုင်း၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗီယက်နမ်နိုင်ငံတွင် ဗြိတိန်မှ သတင်းပို့ထားသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦးအား တွေ့ရှိခဲ့ကြောင်း၊ ၎င်းမှာ ဗြိတိန်မှ ပြန်လာသည့် ဗီယက်နမ်နိုင်ငံသား ဖြစ်ကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
လန်ဒန်၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗြိတိန်နိုင်ငံတွင် ဇန်နဝါရီ ၂ ရက်က ကိုဗစ် အသစ်ထပ်တိုး အတည်ပြုလူနာ (၅၇,၇၂၅)ဦးရှိရာ ၎င်းမှာ ကပ်ရောဂါကာလ တစ်ရက်အတွင်း အသစ်ထပ်တိုးလူနာအရေအတွက် အများဆုံးအဖြစ် ထပ်မံစံချိန်တင်ခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ(၂,၅၉၉,၇၈၉)ဦး ရှိလာကြောင်း ဗြိတိန်အစိုးရ၏ ယင်းနေ့တွင် ထုတ်ပြန်သည့်...