ဆိုးလ်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် သည် မြောက်ကိုရီးယားနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် ဖေဖော်ဝါရီ ၁၀ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း သမ္မတအိမ်ပြာတော် က ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဂျိန်းမက်တစ်(James Mattis) က မြောက်ကိုရီးယားနိုင်ငံမှ အသစ်စမ်းသပ်ပစ်လွှတ်လိုက်သည့် တိုက်ချင်းပစ်ဒုံးကျည်(ICBM)မှာ အမေရိကန်နိုင်ငံအား ခြိမ်းခြောက်နိုင်စွမ်းရှိသည်ကို ၎င်းအနေဖြင့် မယုံကြည်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး တီလာဆန်က ဒီဇင်ဘာ ၁၅ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မိန့်ခွန်းပြောကြားရာတွင် ကိုရီးယားကျွန်းဆွယ်အကျပ်အတည်းကို ဖြေရှင်းရန် နောက်ဆုံးပိတ်ရည်မှန်းချက်ပန်းတိုင်မှာ “ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ၎င်းတို့၏ နျူကလီးယားလက်နက်များ အစီအစဉ်ကို အလုံးစုံ ကတိကဝတ်ပြု၍ အပြောင်းအလဲမရှိ စွန့်လွှတ်ရန်သာဖြစ်ကြောင်း ” ထည့်သွင်းပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက နောက်ဆုံးအကြိမ် ဒုံးကျည်စမ်းသတ်ပစ်လွှတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ပွဲဆင်နွှဲသွားရန် ဖြစ်နိုင်ခြေ “ နေ့စဉ် ပိုမိုတိုးမြင့်လာနေကြောင်း” အမေရိကန်နိုင်ငံသမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး H.R. McMaster က ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ် ကွန်မြူနစ်ပါတီ (CPC) သည် မြောက်ကိုရီးယား အာဏာရပါတီနှင့် ဆက်သွယ်မှု၊ ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း CPC တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာလ ၂၁ ရက်တွင် ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Tillerson က အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် မြောက်ကိုရီးယား နျူးကလီးယား အရေး ကို သံတမန်ရေး နည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း အောက်တိုဘာ ၁၅ ရက်နေ့က ပြောကြား...
ပြုံယမ်း ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန က စက်တင်ဘာ ၁၁ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အမေရိကန် နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ တွင် မြောက်ကိုရီးယား နိုင်ငံ အား ပိတ်ဆို့အရေးယူမှု များတိုးမြှင့်ရန်...
ရှမိန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် တို့သည် စက်တင်ဘာ ၃ရက် တွင်တွေ့ဆုံခဲ့ပြီး အပြန်အလှန်ကူညီမှု နှင့် မဟာဗျူဟာကျစွာ ညှိနှိုင်းဆောင်ရွက်မှုများ မြှင့်တင်သွားရန် ပြောကြားခဲ့ကြကြောင်း သိရသည်။နှစ်နိုင်ငံခေါင်းဆောင်များသည် မြောက်ကိုရီးယားနိုင်ငံ ကနောက်ဆုံးပြုလုပ်ခဲ့သည့် နျူကလီးယားစမ်းသပ်မှု...
မော်စကို ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) ကိုရီးယားကျွန်းဆွယ်၌ စစ်မက်ဖြစ်ပွားရန် အလွန်နီးကပ်လာကြောင်း နှင့် အကယ်၍ အဆိုပါ လမ်းကြောင်းအတိုင်း အခြေအနေမှာ ဆက်လက်ဖြစ်ပွားနေလျင် “ အမှန်တကယ် ကြီးမားသော ကပ်ဘေးဆိုက်မည်” ဟု ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အမျိုးသမီး Maria Zakharova က...
ပြုံယမ်း ၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ၏ ထိပ်တန်း ဥပဒေပြုအမတ် သည် ယခုရက်သတ္တပတ်ကုန်ပိုင်းတွင် ပြုလုပ်ရန်ရှိသည့် အီရန်နိုင်ငံသမ္မတ ဟူဆန်ရိုဟန်နီ၏ သမ္မတရာထူး ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို တက်ရောက်ရန် အီရန်နိုင်ငံသို့ထွက်ခွာသွားကြောင်း သိရသည်။