Connect with us

Asia

မြောက်ကိုရီးယား နိုင်ငံ က အကြီးစား အတွဲလိုက် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု အောင်မြင်ကြောင်း ထုတ်ပြန်ကြေညာ

အကြီးစား အတွဲလိုက် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု အား ညွှန်ကြားနေသည့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ အောက်တိုဘာ ၃၁ ရက် ညနေပိုင်း အချိန်တွင် အကြီးစား အတွဲလိုက် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု ပြုလုပ်ခဲ့ရာတွင် အောင်မြင်မှု ရရှိခဲ့ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက် အရ ယခု စမ်းသပ်မှု ပြုလုပ်သည့် အဓိက ရည်ရွယ်ချက် က အကြီးစား အတွဲလိုက် ဒုံးကျည် ဆက်တိုက် ပစ်မှု စနစ် ၏ လုံခြုံမှု ကို စမ်းသပ်ခြင်း ဖြစ်ကြောင်း ၊ စမ်းသပ်မှု အရ လက်နက်စနစ် ၏ တိုက်ခိုက်မှု စွမ်းရည် နှင့် လက်တွေ့ တိုက်ခိုက်မှု စွမ်းရည် တို့ကို အတည်ပြုနိုင်ခဲ့ကြောင်း ၊ နိုင်ငံတော် ကာကွယ်ရေး သိပ္ပံ ကောလိပ် က စမ်းသပ်မှု ပြုလုပ်သည့် နေရာ မှ ဗဟိုကော်မတီ ထံသို့ အောင်မြင်မှု ရလဒ် အား သတင်းပေးပို့ ခဲ့ကြောင်း ၊ မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း က သတင်း ပေးပို့မှု အား လက်ခံရရှိပြီးနောက် လွန်စွာ ကျေနပ်မှု ရှိကြောင်း ပြောကြား ခဲ့ပြီး မြောက်ကိုရီးယား ကာကွယ်ရေး သိပ္ပံပညာရှင်များအား ချီးမွမ်း ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် သတင်းဖော်ပြချက် တွင် အကြီးစား အတွဲလိုက် ဒုံးကျည်  လက်နက် စနစ် က အင်အားကြီးမားသည့် လျှပ်တပြက် တိုက်ခိုက်နိုင်မှု စွမ်းရည်ရှိပြီး ရန်သူ တပ်ဖွဲ့ သို့မဟုတ် ပစ်မှတ်ဒေသ အား အလုံးစုံ ဖျက်ဆီး နိုင်မှု စွမ်းရည် ရှိကြောင်း ၊ ယခု လက်နက် အမျိုးအစား က မြောက်ကိုရီးယား နိုင်ငံ တပ်မတော် ၏ ရန်သူ အား တားဆီး ချေမှုန်း သည့် အဓိက လက်နက်များ အနက် တစ်ခု ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံ က စက်တင်ဘာ ၁၀ ရက် ၌ အကြီးစား အတွဲလိုက် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု ပြုလုပ် ခဲ့ရာ တွင် ပစ်မှတ် အား တိုက်ခိုက်နိုင်ခဲ့ကြောင်း ၊ လက်တွေ့ ကွင်းဆင်း ညွှန်ကြား ခဲ့သည့် ကင်ဂျုံအမ်း က အကြီးစား အတွဲလိုက် ဒုံးကျည် ၏ အားသာချက် ကို အတည်ပြုနိုင်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး ဆက်တိုက် ပစ်လွှတ် စမ်းသပ်ခြင်း သာ ကျန်ရှိတော့ကြောင်း ပြောကြား ခဲ့သည်။(Xinhua)