Connect with us

Asia

မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက နှစ်မကုန်မီ ဆွေးနွေးမှုများ ပြန်လည် ပြုလုပ်ရန် အမေရိကန်ကို တိုက်တွန်း

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့ အား တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ပြုံးယမ်း ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Ri Thae Song က အမေရိကန်အား မြောက်ကိုရီးယားနှင့် ဆွေးနွေးမှု များအား ယခုနှစ်ကုန် နောက်ဆုံးနေ့ မတိုင်မီ စတင်ရန် ဒီဇင်ဘာ ၃ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။ 

စေ့စပ်ညှိနှိုင်းမှု အစည်းအဝေး အတွက် လက်တွေ့ကျသည့် လုပ်ဆောင်ချက်များ ဆောင်ရွက်ရန် အမေရိကန်အား မြောက်ကိုရီးယားက သတ်မှတ်ထားသည့် ယခုနှစ်ကုန်အချိန်မှာ ပို၍ နီးကပ်လာပြီ ဖြစ်ကြောင်း မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Ri ၏ ပြောကြားချက်ကို ကိုးကား၍ Korean Central News Agency က ဖော်ပြခဲ့သည်။

အမေရိကန် နိုင်ငံက ပြောကြားသည့် တွေ့ဆုံဆွေးနွေးရေးမှာ မြောက်ကိုရီးယားကို တွေ့ဆုံဆွေးနွေးရေးသို့ ဉီးတည်သော မိုက်မဲသော လှည့်စားမှု တစ်ခုကို ကြံစည် ဖန်တီးခြင်း ဖြစ်ပြီး အမေရိကန် အတွက် ရွေးကောက်ပွဲ နှင့် နိုင်ငံရေး အခြေအနေများ အပေါ် လိုက်ပြီး အသုံးချခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Ri Thae Song က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား နှင့် အမေရိကန်တို့မှာ ကိုရီးယား ကျွန်းဆွယ်တွင် နျူကလီးယား ကင်းစင်ရေး အပေါ် အလုပ်သဘော ဆွေးနွေးမှုများအား အောက်တိုဘာလ အစောပိုင်းက စတော့ဟုမ်း၌ ပြုလုပ်ခဲ့ပြီး နာရီ အနည်းငယ် အကြာတွင် ပျက်ပြားသွားခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက မြောက်ကိုရီးယား အနေဖြင့် ၎င်းတို့ ကိုယ်ပိုင် ကြိုးစားမှုဖြင့် ဆောင်ရွက်ခဲ့သည့် အရေးကြီးသော ခြေလှမ်းမှ နောက်မဆုတ်သွားရန် တတ်နိုင်စွမ်းသမျှ ကြိုးစားခဲ့ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအပေါ် ရန်လိုသည့် မူဝါဒများအား အမေရိကန်က မပြောင်းလဲသည့် အတွက် ဆွေးနွေးမှုများ ပြုလုပ်မည် မဟုတ်ဘဲ သည်းခံမှုများ ပျောက်ဆုံးလာပြီ ဖြစ်ကြောင်း မကြာသေးမီက မြောက်ကိုရီးယားက ပြောကြားခဲ့သည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117