ပေကျင်း၊ ဧပြီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံအား COVID-19 ကပ်ရောဂါ စိန်ခေါ်မှု ကျော်လွှားရေးတွင် ထောက်ပံ့ရန်နှင့် ကူညီရန် အသင့်ရှိကြောင်း ဧပြီ ၂ ရက်က ပြောကြားခဲ့သည်။
ဟန်ကျိုး၊ ဧပြီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် COVID-19 တုန့်ပြန်ရေးတွင် လတ်တလောနှင့် ကာလရှည်အတွက် ပြင်ပမှဝင်ရောက်လာသော ရောဂါဖြစ်ပွားမှုကာကွယ်ရေးကို ထိပ်တန်းဦးစားပေးအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဧပြီ ၁ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဗိုင်းရပ်စ်ဟူသည် နယ်စည်းထားခြင်းမရှိကြောင်း ပြောကြားခဲ့ပြီး အားအကောင်းဆုံးသော ရောဂါ ထိန်းချုပ် ကာကွယ်ရေးနှင့် ကုသရေး ကမ္ဘာလုံးဆိုင်ရာကွန်ရက် တည်ဆောက်ရန် အားလုံးအတူတကွ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မတ် ၂၆ ရက်တွင် အလေးထားပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် ၎င်းနိုင်ငံရှိ တရုတ်နိုင်ငံသားများ၏ ဘေးကင်းရေးနှင့် ကျန်းမာရေးကို ကာကွယ်ပေးရန် လက်တွေ့ကျပြီး ထိရောက်သော ဆောင်ရွက်ချက်များလုပ်ဆောင်ပေးမည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က မတ် ၂၇ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှုကြောင့် လတ်တလောကြုံတွေ့နေရသည့် အခက်အခဲကို နားလည်ပါကြောင်းနှင့် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံအား တတ်နိုင်သမျှကူညီသွားရန် အသင့်ရှိပါကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မတ် ၂၇ ရက်တွင် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် တယ်လီဖုန်းဖြင့်...
ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒမြှင့်တင်ရန်၊ ဈေးကွက်အခွင့်အလမ်း ချဲ့ထွင်ရန်၊ စီးပွားရေး ပတ်ဝန်းကျင် တိုးတက်ရန်နှင့် သွင်းကုန်များနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရန် ဆက်လက်လုပ်ဆောင်ခြင်းဖြင့် တည်ငြိမ်သောကမ္ဘာ့စီးပွားရေး ဖြစ်လာစေရန် ပါဝင်သွားမည်ဟု သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှုကို တိုက်ဖျက်ရသည့် အခက်ခဲဆုံး အခိုက်အတန့်၌ ကမ္ဘာ့အသိုင်းအဝိုင်း အဖွဲ့ဝင်များစွာထံမှ အထောက်အပံ့နှင့် ကူညီမှုများစွာ လက်ခံရရှိခဲ့ကြောင်း သမ္မတ ရှီကျင့်ဖိန်က ယနေ့ မတ် ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က COVID-19 တိုက်ဖျက်ရေး တုံ့ပြန်ဆောင်ရွက်ရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ယုံကြည်မှုခိုင်မာရန် အလွန်အရေးကြီးပြီး စည်းစည်းလုံးလုံးညီညီညွတ်ညွတ် နှင့် အတူတကွ လုပ်ဆောင်ခြင်းဖြင့် ပြုမူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယနေ့ မတ် ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မတ် ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံသမ္မတ မိုက်ခရွန်နှင့် မတ် ၂၃ ရက်က ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မတ် ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပါတီနှင့်ပြည်သူများ အလိုအပ်ဆုံး ဖြစ်သည့်နေရာများတွင် ပံ့ပိုးမှုများ ပြုလုပ်ရန် ရှေ့တန်း နိုဗယ်လ်ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ(COVID-19) တိုက်ဖျက်ရေး ဆောင်ရွက်နေသည့် လူငယ်ဆရာဝန်များကို အားပေးခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ၊ ဗဟို...