အော့တဝါ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံက အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်လာသဖြင့် ၎င်းနှစ်နိုင်ငံမှ လေယာဥ်ခရီးစဥ်များအားလုံးကို ဧပြီ ၂၂ ရက်မှစတင်ကာ ရက်ပေါင်း ၃၀ ကြာ တားမြစ်လိုက်ကြောင်း သိရသည်။
နယူးဒေလီ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သော Air India လေကြောင်းလိုင်းသည် ဗြိတိန်နိုင်ငံမှ မကြားသေးမီက ထုတ်ပြန်ခဲ့သည့်ကန့်သတ်ချက်များကြောင့် ဧပြီ ၂၄ ရက်မှ ၃၀ ရက်အတွင်း အိန္ဒိယနှင့် ဗြိတိန်နှစ်နိုင်ငံအကြား ပျံသန်းရန်စီစဉ်ထားသော လေယာဉ်ခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်သည်ဟုကြေညာခဲ့ကြောင်း တာဝန်ရှိသူ က ဧပြီ ၂၂...
နယူးဒေလီ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် လက်ရှိ ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းကို တိုက်ဖျက်နေရခြင်းဖြစ်သော်လည်း တစ်နိုင်ငံလုံး လော့ခ်ဒေါင်းချမည်မဟုတ်ကြောင်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီက ဧပြီ ၂၀ ရက် ညပိုင်း ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ COVID-19 ကပ်ရောဂါကြောင့် ပြီးခဲ့သော ၂၄ နာရီအတွင်း သေဆုံးသူ ၉၀၄ ဦးနှင့်အတူ သေဆုံးသူပေါင်း ၁၇၀,၀၀ဝ ကျော် (၁၇၀,၁၇၉ဦး ) ထိ ရောက်ရှိလာခဲ့ကြောင်း ဗဟိုအစိုးရက ဧပြီ ၁၂ ရက်တွင် နောက်ဆုံးထုတ်ပြန်ထားသော...
နယူးဒေလီ ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ ဧပြီ ၅ ရက်တွင် တစ်ရက်အတွင်း COVID-19 လူနာ ၁၀၃,၅၅၈ ဦးထိ ရှိခဲ့ရာ ယခုအချိန်အထိ အမြင့်ဆုံး ဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ ၁၂,၅၈၉,၀၆၇ ဦးထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ဧပြီ ၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံအလယ်ပိုင်း Chhattisgarh ပြည်နယ်၌ “Naxals” ဟု အမည်ရသည့် လက်နက်ကိုင်သူပုန်များ နှင့်ရင်ဆိုင် တိုက်ခိုက်မှုတစ်ခုအတွင်း အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ ဦးသေဆုံးပြီး အခြားအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ ဧပြီ ၄ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
နယူးဒေလီ ၊ မတ် ၂၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ Lok Sabha Om Birla တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ဒေလီအခြေစိုက် အိန္ဒိယဆေးဘက်ဆိုင်ရာသိပ္ပံဌာန(AIIMS)မှ တာဝန်ရှိသူတစ်ဦးက မတ် ၂၁ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
နယူးဒေလီ၊ မတ် ၁၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်ရှိ မီးရထားလုပ်ငန်းရုံးအဆောက်အအုံတစ်ခု မီးလောင်ကျွမ်းခဲ့ရာ မီးသတ်သမား ငါးဦးနှင့် ရဲတစ်ဦးအပါအဝင် လူ ကိုးဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက မတ် ၉ ရက်၌ ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် နိုင်ငံတကာ နယ်စပ်ထိန်းချုပ်မျဉ်း (LoC) တစ်လျှောက်နှင့် အခြားကဏ္ဍများအားလုံးတွင် အပစ်အခတ်ရပ်စဲရေးကို ပူးတွဲကြေညာခဲ့ပြီး ယင်းမှာ ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၅ ရက်သို့အကူး သန်းခေါင်ယံအချိန်မှစတင်၍ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း သိရသည်။
မွမ်ဘိုင်း၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးအချက်အချာ မွမ်ဘိုင်းမြို့တွင် ကိုဗစ်ကပ်ရောဂါကြောင့် လူနေအဆောက်အအုံ (၁,၃၀၀)ကျော် ပိတ်ထားရပြီး လူပေါင်း(၇)သောင်းကျော် အိမ်တွင် သီးခြားနေရန် ညွှန်ကြားထားကြောင်း မွမ်ဘိုင်းမြို့အစိုးရ၏ အချက်အလက်များအရ သိရသည်။