Connect with us

ASEAN

အိန္ဒိယနိုင်ငံတွင် ၅ ရက်ဆက်တိုက် နေ့စဉ်လူပေါင်း ၃ သိန်းကျော် COVID-19 ရောဂါ ကူးစက်ခံနေရ

အိန္ဒိယနိုင်ငံ မွန်ဘိုင်းတွင် ဧပြီ ၂၆ ရက်၌ လူများနှာခေါင်းစည်းတပ်၍ ကာကွယ်ဆေးထိုးနှံရန် စောင့်ဆိုင်းနေကြစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၂၆ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၃၅၂,၉၉၁ ဦးရှိခဲ့ပြီး ယင်းမှာ အိန္ဒိယနိုင်ငံတွင် ၅ ရက်ဆက်တိုက် တစ်ရက်လျှင် ရောဂါထပ်မံကူးစက်ခံရသူ ၃ သိန်းအထက်ရှိခဲ့ခြင်းဖြစ်ကြောင်း ၊ လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၇,၃၁၃,၁၆၁ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ အိန္ဒိယနိုင်ငံတွင် ဧပြီ ၂၆ ရက်၌ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့သူ ၂,၈၁၂ ဦးရှိခဲ့ရာ သေဆုံးသူ စုစုပေါင်း ၁၉၅,၁၂၃ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ စစ်ဦးစီးချုပ် Bipin Rawat က ဧပြီ ၂၆ ရက်တွင် ဝန်ကြီးချုပ် မိုဒီထံသို့ ကပ်ရောဂါ အခြေအနေနှင့် ပတ်သက်၍တင်ပြရာ၌ အိန္ဒိယနိုင်ငံ စစ်ဘက်ဆိုင်ရာအနေဖြင့် လွန်ခဲ့သော ၂ နှစ် သို့မဟုတ် အချိန်စော၍ ပင်စင်ယူသွားကြသည့် ဆေးဘက်ဆိုင်ရာတပ်ဖွဲ့ဝင်များကို တာဝန်ပြန်လည်ထမ်းဆောင်ကြရန် ခေါ်ဆောင်ထားကြောင်း ၊ ၎င်းတို့အား မိမိတို့အနီးပတ်ဝန်းကျင်ရှိ COVID-19 ရောဂါ စောင့်ရှောက်ရေးစင်တာများတွင် လုပ်ငန်းတာဝန်ထမ်းဆောင်စေခဲ့ကြောင်း ၊ ပင်စင်ယူပြီးချိန်ပိုမိုကြာမြင့်နေပြီဖြစ်သော ဆေးဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များကိုလည်း ဆေးဘက်ဆိုင်ရာ အရေးပေါ် ကူညီမှုပေးသည့် တယ်လီဖုန်းဝန်ဆောင်မှုလိုင်းများတွင် အကြံပေးဝန်ဆောင်မှုများကို ဆောင်ရွက်စေထားကြောင်း ပြောကြားခဲ့သည်။

စစ်ဦးစီးချုပ် Bipin Rawat က အိန္ဒိယနိုင်ငံတပ်ဖွဲ့အနေဖြင့် ဆေးဘက်ဆိုင်ရာအဆောက်အဦများစွာ ကိုတည်ဆောက်နေပြီး သင့်လျော်သည့် အချိန်တွင် ပြည်သူများအား ဆေးဘက်ဆိုင်ရာ အခြေခံအဆောက်အဦ နှင့် အောက်စီဂျင်ထောက်ပံ့ပေးသည့်စသော ဝန်ဆောင်မှုများကိုဆောင်ရွက်ပေးသွားမည်ဖြစ်ကာ တစ်ချိန်တည်းမှာလည်း စောင့်ရှောက်ရေးဝန်ထမ်းအများအပြားကို ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ကြရန် စုဆောင်းပေးနေကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် မေလ ၁ ရက်မှစတင်၍ အသက် ၁၈ နှစ်အထက်ရှိသူများအားလုံးကို COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်သည်။ နယူးဒေလီ ဝန်ကြီးချုပ် Arvind Kejriwal က ဧပြီ ၂၆ ရက်၌ အိန္ဒိယနိုင်ငံမြို့တော်ဒေသအတွင်းရှိ အသက် ၁၈ နှစ်အထက်ရှိသူအားလုံးကို ကာကွယ်ဆေး အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ဇန်နဝါရီ ၁၆ ရက်မှစတင်ကာ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းအား စတင်ဆောင်ရွက်ခဲ့ရာ ပထမအဆင့်အနေဖြင့် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၊ ရဲတပ်ဖွဲ့ဝင် နှင့် ရှေ့တန်း၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို ကာကွယ်ဆေးဦးစွားထိုးနှံပေးခဲ့ကြောင်း ၊ မတ် ၁ ရက်မှစတင်၍ အသက် ၆၀ နှစ် အထက်ရှိသော သက်ကြီးရွယ်အိုများနှင့် အသက် ၄၀ နှစ်အထက်ရှိပြီး ရောဂါအခံရှိသူများကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း ၊ ဧပြီ ၁ ရက်မှစတင်၍ အသက် ၄၅ နှစ်အထက်ရှိပြီးသော ပြည်သူအားလုံးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။ (Xinhua)

——————————–
(Chinese Version)
(国际疫情)印度连续5天单日新增新冠确诊病例超30万例
2021-04-26 22:25:10 分类: 科学技术
  新华社新德里4月26日电(记者胡晓明)印度卫生部26日公布的数据显示,该国较前一日新增新冠确诊病例352991例,已连续5天单日新增病例超过30万例,累计确诊17313161例;新增死亡2812例,累计死亡195123例。
  印度国防参谋长拉瓦特26日在向总理莫迪汇报抗疫情况时说,军方已召回所有在过去两年中退役或提前退役的部队医务人员,安排其在居所附近的新冠病人护理中心工作,更早之前退役的部队医务人员则通过紧急医疗求助热线为民众提供咨询服务。
  拉瓦特说,部队正在大量建设医疗设施,并在可能的情况下向民众提供军事医疗基础设施和氧气供应等服务,同时大量招募护理人员参与抗疫工作。
  印度将从5月1日起启动面向所有18岁以上人员的新冠疫苗接种。新德里首席部长凯杰里瓦尔26日表示,首都地区将为所有18岁以上人员免费接种疫苗。
  印度1月16日启动新冠疫苗接种,分阶段进行:第一阶段面向医务工作者、警察等防疫一线人员和公务人员;3月1日开始面向60岁以上老年人和40岁以上患基础疾病人群;4月1日开始向45岁以上公民开放接种。(完)

Photo
4月26日,印度民众戴着口罩在孟买等待接种新冠疫苗。新华社发