ပေကျင်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အာရှ-ပစိဖိတ်ဒေသအနေဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း စီးပွားရေးကို ဦးဆောင်သွားသင့်ပြီး ပိုမိုပွင့်လင်းပြီး အားလုံးပါဝင်၍ မျှမျှတတဖြင့် အားလုံးအတွက် အကျိုးရှိစေရန် ကူညီဆောင်ရွက်သင့်ကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
စင်ကာပူ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် မလေးရှားနိုင်ငံသည် အန္တရာယ်ကင်း၍ ဆေးစွမ်းထက်သော COVID-19 ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်တစ်ခုကို တရုတ်နိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း စင်ကာပူနိုင်ငံတွင် တရုတ်ဘာသာစကားဖြင့် ထုတ်ဝေသော Lianhe Zaobao သတင်းစာအရ သိရသည်။
နန်နင်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) အား အထောက်အပံ့ဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးမြှင့်တင်မှု ဆောင်ရွက်ချက်များစွာ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြပွဲ၏ အတွင်းရေးမှူးရုံးက နိုဝင်ဘာ...
မော်စကို၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါအား မည်ကဲ့သို့ အောင်မြင်စွာ ထိန်းချုပ်ထားသည်ဆိုသည်ကို အခြားသော နိုင်ငံများအတွက် နမူနာကောင်းတစ်ခုအဖြစ် တည်ရှိကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံတွင် လက်ရှိ၌ ပြည်ပနိုင်ငံအချို့တွင် လက်တွေ့စမ်းသပ်မှုအဆင့်-၃ သို့ ရောက်ရှိနေသော COVID-19 ကာကွယ်ဆေး ငါးမျိုးရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၁၈ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါ သက်ရောက်မှုရင်ဆိုင်နေရသော ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက် နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်လျက်လျက်ရှိကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်း စီးပွားရေး အစီအစဉ်က နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
တက်ရှ်ခန့်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဥဇဘက်ကစ္စတန်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံက ထုတ်လုပ်ထားသော COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုအဆင့်-၃ ကို ပြုလုပ်သွားမည်ဟု ဥဇဘက်ကစ္စတန် အစိုးရက မီဒီယာသို့ ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးကို ပဥ္စမမြောက် နိုင်ငံရပ်ခြားတွင် လူအများအပြားပါဝင်မည့် လက်တွေ့စမ်းသပ်မှုအဆင့်သို့...
ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ (Tianwen-1) သည် နိုဝင်ဘာ ၁၇ ရက် နံနက်အစောပိုင်း (ပေကျင်းစံတော်ချိန်) အထိ အကွာအဝေး ကီလိုမီတာ သန်း ၃၀၀ ထိ ခရီးနှင်ခဲ့ပြီဖြစ်ကြောင်း တရုတ်...
ရှီးချန်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံက မိုဘိုင်းဆက်သွယ်ရေးဂြိုဟ်တုအသစ်တစ်စင်းကို နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ နိုဝင်ဘာ ၁၂ ရက်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် လာမည့်ရက်သတ္တပတ်နှစ်ပတ်အတွင်း ကျင်းပမည်ဖြစ်သော ၁၂ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး၊ ၂၇ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးနှင့် ၁၅ ကြိမ်မြောက်...