Connect with us

CHINA

တရုတ်နိုင်ငံက ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးက ဥဇဘက်ကစ္စတန်နိုင်ငံတွင် လူအများအပြားဖြင့် လက်တွေ့စမ်းသပ်မှုအဆင့်သို့ ရောက်ရှိ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် China National Pharmaceutical Group Co., Ltd. (Sinopharm) ရှိ ကာကွယ်ဆေးထုတ်လုပ်မှုစက်ရုံ၌ COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) နမူနာကို တွေ့ရစဉ် (ဆင်ဟွာ)

တက်ရှ်ခန့်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဥဇဘက်ကစ္စတန်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံက ထုတ်လုပ်ထားသော COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုအဆင့်-၃ ကို ပြုလုပ်သွားမည်ဟု ဥဇဘက်ကစ္စတန် အစိုးရက မီဒီယာသို့ ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးကို ပဥ္စမမြောက် နိုင်ငံရပ်ခြားတွင် လူအများအပြားပါဝင်မည့် လက်တွေ့စမ်းသပ်မှုအဆင့်သို့ ရောက်ရှိခြင်းလည်း ဖြစ်ကြောင်း သိရသည်။

အဆင့်-၃ ကာကွယ်ဆေးစမ်းသပ်မှု ကနဦးလုပ်ငန်းကို ဥဇဘက်ကစ္စတန်နိုင်ငံရှိ အသက် ၁၈ နှစ်မှ ၅၉ နှစ်အတွင်းရှိ စေတနာ့ဝန်ထမ်း ၅,၀၀၀ ဦးဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ကြေညာခဲ့သည်။တရုတ်နိုင်ငံ Anhui Zhifei Longcom Biopharmaceutical က ထုတ်လုပ်ထားသော ကာကွယ်ဆေးစမ်းသပ်မှုတွင် ဥဇဘက်ကစ္စတန်နိုင်ငံရှိ ပါဝင်သူများအား စောင့်ကြည့်ရန် ဆရာဝန်များကို လေ့ကျင့်ပေးမည့် တရုတ်နိုင်ငံမှ အထူးကျွမ်းကျင်သူများစွာနှင့်အတူ သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ဥဇဘက်ကစ္စတန်နိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၆၉,၈၃၀ ဦးနှင့် သေဆုံးသူ ၅၉၄ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၆၇,၀၉၂ ဦးရှိကြောင်း သိရသည်။ (Xinhua)