Connect with us

Science & Technology

တရုတ်နိုင်ငံက မိုဘိုင်းဆက်သွယ်ရေး ဂြိုဟ်တုအသစ် လွှတ်တင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-3B သယ်ဆောင်ရေးဒုံးပျံကို နိုဝင်ဘာ ၁၂ ရက်တွင် လွှတ်တင်နေစဉ် (ဆင်ဟွာ)

ရှီးချန်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံက မိုဘိုင်းဆက်သွယ်ရေးဂြိုဟ်တုအသစ်တစ်စင်းကို နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ နိုဝင်ဘာ ၁၂ ရက်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။

Tiantong 1-02 ဂြိုဟ်တုကို Long March-3B သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် ၂၃:၅၉ နာရီက လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

Tiantong-1 သည် ဂြိုဟ်တုမိုဘိုင်းဆက်သွယ်ရေးစနစ် တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံက ကိုင်တိုင် တီထွင်ထုတ်လုပ်ကာ တည်ဆောက်ထားခြင်း ဖြစ်သည်။ အဆိုပါ ဂြိုဟ်တုတွင် အာကာသပိုင်း၊ မြေပြင်ပိုင်းနှင့် အသုံးပြုသူနေရာတို့ ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အာကာသနည်းပညာအကယ်ဒမီက တီထွင်ထုတ်လုပ်ထားသော Tiantong 1-02 ဂြိုဟ်တုသည် ရာသီမရွေး၊ အချိန်မရွေး တည်ငြိမ်ပြီး ယုံကြည်စိတ်ချရသော မိုဘိုင်း ဆက်သွယ်ရေးဝန်ဆောင်မှုများကို တရုတ်နိုင်ငံနှင့် ပတ်ဝန်းကျင်ဒေသများ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အခြားဆက်စပ်သောဒေသများနှင့် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာရှိ ပင်လယ်ပြင်ဧရိယာများစွာတွင် သုံးစွဲသူများအတွက် အသံ၊ စာတိုနှင့် အချက်အလက်များ စသည်တို့ဖြင့် ပံ့ပိုးပေးနိုင်ရန် မြေပြင်အဆောက်အဦများနှင့် မိုဘိုင်းကွန်ရက်တစ်ခု တည်ထောင်သွားမည် ဖြစ်သည်။
နိုဝင်ဘာ ၁၂ ရက်က လွှတ်တင်မှုသည် Long March စီးရီးမှ ၃၅၂ ကြိမ်မြောက် လွှတ်တင်ခြင်းဖြစ်သည်။ (Xinhua)