မနီလာ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် စက်တင်ဘာ ၆ ရက်မှစ၍ အားကောင်းသော မုန်တိုင်းကြောင့် လူ ၃ ဦးထက်မနည်းသေဆုံးပြီး ၃၁ ဦး ပျောက်ဆုံးနေကြောင်း အစိုးရအေဂျင်စီက စက်တင်ဘာ ၉ ရက်၌ ပြောကြားခဲ့သည်။
ဝါရှင်တန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းတစ်ခွင် စက်တင်ဘာ ၁ ရက်နှင့် ၂ ရက်နေ့များ၌ Ida မုန်တိုင်းအကြွင်းအကျန်များမှ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေလွှမ်းမိုးခြင်းနှင့် လေဆင်နှာမောင်းတိုက်ခတ်ခြင်းများကြောင့် လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ဟူစတန်၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ) ပြင်းအား အဆင့်(၄)ရှိ ဟာရီကိန်းမုန်တိုင်း”Ida”သည် ဩဂုတ် ၂၉ ရက်က အမေရိကန်နိုင်ငံ တောင်ပိုင်း လူဝီစီယားနားပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သိရသည်။ အမြင့်ဆုံး တစ်နာရီလျှင် (၂၄၀)ကီလိုမီတာခန့် လေတိုက်နှုန်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အသက်အန္တရာယ်၊ ရေဘေးဖြစ်ပွားနိုင်သည့်လေမုန်တိုင်းဖြစ်နိုင်ကြောင်း သိရသည်။ ဟာရီကိန်းမုန်တိုင်း”Ida”သည် ဒေသစံတော်ချိန် ဩဂုတ်...
နယူးဒေလီ ၊ မေ ၁၇ ရက်(ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း Tauktae သည် ယနေ့ မေ ၁၇ ရက်တွင် အလွန်ပြင်းထန်သော မုန်တိုင်းအဖြစ်သို့ အရှိန်မြှင့်လာခဲ့ပြီး အိန္ဒိယနိုင်ငံ ဂူဂျာရတ်ကမ်းရိုးတန်းသို့ ညနေပိုင်းတွင် ဝင်ရောက်နိုင်ကြောင်း အိန္ဒိယနိုင်ငံ မိုးလေဝသဌာန(IMD)က ပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ မြိတ်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၁၁၀) မိုင်ခန့်၊ ထားဝယ်မြို့၏ အနောက်တောင်ဘက် ရေမိုင် (၁၄၀) မိုင်ခန့်၊ ကိုကိုးကျွန်းမြို့၏ အရှေ့တောင်ဘက် ရေမိုင် (၂၃၅) မိုင်ခန့်နှင့် ရန်ကုန်မြို့ ၏ တောင်-အရှေ့တောင်ဘက်...
ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် ၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ၍ အဝါရောင် အဆင့်ဟု သတ်မှတ်ကြောင်း၊ ယခုနှစ်သည် လာနီညာနှစ်ဖြစ်သောကြောင့် ဘင်္ဂလားပင်လယ်အော်တွင် ယခင်နှစ်ထက် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းများ ပိုမိုဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်...
ဂွာတီမာလာ ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် ဂွာတီမာလာနိုင်ငံသမ္မတ အလီဂျန်ထရိုဂီယာမက်တိုင်(Alejandro Giammattei) က အပူပိုင်းမုန်တိုင်း Eta ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုအတွင်း သေဆုံးသူပေါင်း ၁၅၀ ဦးထိရောက်ရှိသွားပြီဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
ဟနွိုင်း၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနှင့် အလယ်ပိုင်းကုန်းမြင့်ဒေသများတွင် အောက်တိုဘာလ အစောပိုင်းကစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများနှင့် အခြားသော သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ကာ လူပေါင်း ၁၁၇ ဦး သေဆုံးပြီး ၂၁ ဦး ပျောက်ဆုံးနေကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဦးဆောင်ကော်မတီက အောက်တိုဘာ...
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်) တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက် -အနောက်တောင်ဘက် ရေမိုင် (၂၃၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊သို့သော်မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့...
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) အပူပိုင်းမုန်တိုင်း “နန်က” (Nangka) ၏ အကြွင်းအကျန်တိမ်တိုက်များ အနောက်ဘက်သို့ ရွေ့လျားလာမှုကြောင့် အောက်တိုဘာ ၁၅ ရက်မှ အောက်တိုဘာ ၁၉ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ထူးခြားမိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့ အောက်တိုဘာ ၁၄ရက်တွင်ပြောသည်။